


Credit – CeleGabar
Source – Htet Htet Moe Oo

ပရိသတ်ကြီးရေ ထက်ထက်မိုးဦးကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်။ ထက်ထက်ကတော့ လက်ရှိမှာလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီး အောင်မြင်မှုတွေဆက်လက်ရရှိနေတဲ့ ထူချွန်လွန်းလှတဲ့ ဝါရင့် အနုပညာရှင်တစ်ယောက်အဖြစ်လည်း ရပ်တည်နေပါတယ်။

ထက်ထက်ကတော့ သူ့ရဲ့အနုပညာစွမ်းရည်တွေပြည့်ဝလွန်းလှတာကြောင့် တစ်ခေတ်တစ်ခါကလည်း သူမတူအောင်ကို အနုပညာလောကမှာ လျှံလျှံတောက်အောင်မြင်မှုတွေရရှိခဲ့သူပါ။ ထက်ထက်ကတော့ သူကိုယ်တိုင်းလည်း သူ့ထက်ဝါရင့်သဘာရင့်တဲ့ အနုပညာရှင်တွေဆီကနေ အိုက်တင်တွေကိုအတုယူခဲ့ရပါတယ်တဲ့။ လတ်တလောမှာလည်း ထက်ထက်က မုန့်စားနေရင်း ငယ်ငယ်က အန်တီဝါဝါဝင်းရွှေရဲ့ အိုက်တင်တစ်ကွက်ကို သဘောကျခဲ့ကြောင့်နဲ့ အိုက်တင်လေးကို လုပ်ပြခဲ့ပါတယ်။

ပရိသတ်တွေကတော့ ထက်ထက်ရဲ့ အန်တီဝါဝါဝင်းရွှေလုပ်ခဲ့တဲ့ အိုက်တင်ပုံစံအတိုင်း လုပ်ပြတဲ့ပုံစံလေးကို ကြည့်ပြီး သဘောကျနေခဲ့ကြပါသေးတယ်။ပရိသတ်ကြီးရေ ပရိသတ်တွေသဘောကျနေတဲ့ ထက်ထက်ရဲ့ ချစ်စရာကောင်းလှတဲ့ ဗီဒီယိုလေးကို မျှဝေဖော်ပြပေးလိုက်ပါတယ် ပရိသတ်ကြီးတို့ရေ။

Credit – CeleGabar
Source – Htet Htet Moe Oo