


Credit…..

ပရိတ်သတ်ကြီးရေ…..မော်ဒယ် မေမြတ်နိုး ကတော့ မြန်မာနိုင်ငံတွင် သာမကဘဲ ပြည်ပနိုင်ငံများက ပရိသတ်တွေ ရဲ့ တစ်ခဲနက် ထောက်ခံအားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားသူတစ်ဦးပဲ ဖြစ်ပါတယ်။ မေမြတ်နိုးကတော့ ဖေဖော်ဝါရီလအစကတည်းမှစတင်ကာ ယနေ့ချိန်ထိ လူထုလှုပ်ရှားမှု များတွင် တက်ကြွစွာ ပါဝင်နေတာလည်း ဖြစ်ပါတယ်။ ပြည်သူလူထု နဲ့အတူ ယုံကြည်ရာပန်းတိုင်ကို လျှောက်လှမ်းနေသူဖြစ်တာကြောင့် အားလုံးက သူမရဲ့ စိတ်ထားလေးကို လေး စားနေကြတာပါ။

မေမြတ်နိုးကတော့ လတ်တလော မှာတော့ အလုပ် ကိစ္စ နဲ့ မီလန်နိုင်ငံ သို့ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေမှာ ပြည်ပနိုင်ငံ သို့ ရောက်ရှိနေ ပေမယ့်လည်း မြန်မာနိုင်ငံတွင် အချိန်နှင့်အမျှ ဖြစ်ပေါ်နေတဲ့ ကိစ္စရပ်များကိုလည်း Voice out လုပ်ပေးမယ့်အကြောင်းအား မကြာသေးခင် နာရီပိုင်း လောက်က မေမြတ်နိုးရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။ ” မေ Maybies တို့ကို အသိပေးစရာရှိ လို့ပါ

မေ December က စာချုပ် ချုပ်ပြီးသား ဖြစ်တဲ့ Wonderwall Milan Model Agency မှာ modelling အလုပ်လုပ်ဖို့Milan ကိုရောက်ရှိနေပါတယ် အခုလို အလုပ် နဲ့ အခြားနိုင်ငံရောက်ေ နပေမယ့်လည်း အာဏာရှင်တွေ မြန်မာနိုင်ငံပြည်သူပြည်သားတွေကို အနိုင်ကျင့် သတ်ဖြတ်နေတာကို international မှာရော ပြည်တွင် းအတွက်ပါ voice out လုပ်ပြီး မေ တတ်နိုင်တဲ့ ဘက်ကနေ ဆက်လက် လုပ်ဆောင်သွားမှာပါ အရေးတော်ပုံ အောင်ရမည်💪” ဆိုပြီး သူမလုပ်ဆောင်သွားမယ့်အရာတွေအား ရေးသားဝေမျှပေးထားတာကြောင့် ပရိသတ်တွေလည်း သိရှိ နိုင်စေရန် ဒီသတင်းလေး ကို တစ်ဆင့် ပြန်လည် ကူးယူ တင်ဆက်ပေးလိုက် ရပါ တယ်နော်။

Source and Photo Crd-May Myat Noe’s Facebook Page
Credit…..