မျက်ဝန်းပြာပြာလေးတွေကို ပိုင်ဆိုင်ထားတယ်လို့ ပရိသတ်တွေ ဆိုကြတဲ့ မင်းသမီးချော ဇင်ဇင်ဇော်မြင့်က ငယ်စဉ်ကတည်းက ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဇင်ဇင်ဇော်မြင့်က အခုဆိုရင် အိမ်ထောင်ရှင်မကြီးတစ်ယောက်ဖြစ်လို့နေပြီဖြစ်ပြီး အနုပညာအလုပ်တွေနဲ့ အလှမ်းဝေး သွားခဲ့ပြီဆိုပေမယ့် ပရိသတ်တွေရဲ့ အားပေးခြင်းကိုခံနေရဆဲ မင်းသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပြည်သူချစ်မင်းသမီးတစ်ယောက်ဖြစ်တဲ့ ဇင်ဇင်ဇော်မြင့်က အခုလို ပြည်တွင်းနိုင်ငံရေးတွေ မငြိမ်မသက်ဖြစ်နေစဉ်မှာလည်း ပြည်သူလူထုနဲ့ တသားတည်းရှိေ နမယ့်အကြောင်း အခုလိုပဲ ပြောလာပါတယ်။

“မေလေးအနုပညာစလုပ်ထဲကပြည်သူပြည်သားတွေ အားပေးခဲ့လို့ချစ်ပေးခဲ့လို့အခုချိန်ထိရပ်တည်နိုင်ခဲ့တာပါ . ပြည်သူ့မေတ္တာမပါရင် ဒီချိန်ထိ မရှင်သန်မရပ်တည်နိုင်ပါဘူး။ ပြည်သူတွေ မေလေးကိုချစ်တဲ့ အားပေးတဲ့ fans များ ချစ်ရတဲ့ ပရိတ်သတ်များ နိုင်ငံသူနိုင်ငံသားများရဲ့အတူ အမြဲရှိနေပါ့မယ်။ နေ့စဉ်လဲ ကြာဇံကြော်၊ မုန့်၊ ရေ၊ အချို ရည် ဝေပြီး တတ်နိုင်တဲ့ဘက်ကနေ မြန်မာပြည်သူတယောက်အနေနဲ့ နိုင်ငံသူနိုင်ငံသားတွေနဲ့အတူရပ်တည်နောက်ဆုံးအချိန်ထိ ရပ်တည်သွားပါ့မယ်လို့သစ္စာပြုပါတယ်။ မြန်မာပြည်သူပြည်သားများ အားလုံး မေလေး ချစ်ရတဲ့ပရိတ်သတ်များ အားလုံး ကျန်းမာချမ်းသာ အနာရောဂါ ကင်းဝေးဘေးရန်ကင်းကံကောင်းကြပါစေ”

“ပြည်သူတွေဖြစ်ချင်တဲ့အရာအားလုံးလဲ အမြန်ဘေးကင်းပြီး ပြည့်ကြပါစေ . ပုံတွေနေ့စဉ်မတင်ဖြစ်ပေမယ့်အလှုတွေကုသိုလ်တွေပြုလုပ်ပြီးတတ်နိုင်တဲ့ ဘက်ကနေမြန်မာ နိုင်ငံသူနိုင်ငံသားများနဲ့အတူနေ့စဉ်ရှိနေပါတယ်. အမြဲလဲသစ္စာဆိုဆုတောင်းပေးပါတယ်ရှင်။ မြန်မာပြည်သူပြည်သားများ အားလုံးဘေးကင်းကြပါစေ။ ရန်ကင်းကြပါစေ။ ကျန်းမာချမ်းသာကြပါစေ စိတ်ဆင်းရဲခြင်းကင်းကြပါစေ။ စိတ်မှာဖြစ်ချင်တဲ့အရာမှန်သမျှ အမြန်ဆုံးလိုရာပြည့်ကြပါစေနော်❤️❤️❤️❤️🙏🙏🙏🙏🙏.” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာတာပဲ ဖြစ်ပါတယ်။

ဇင်ဇင်ဇော်မြင့်ကတော့ အနုပညာစလုပ်ကတည်းက ပြည်သူ့မေတ္တာနဲ့ ရပ်တည်ခဲ့သူမို့ နိုင်ငံသူ၊ နိုင်ငံသားများနဲ့အတူတူ နောက်ဆုံးအချိန်ထိ ရပ်တည်သွားမယ်ဆိုပြီး သစ္စာပြု ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။

Source: Zin Zin Zaw Myint’s fb
Credit – Cele Connections