တစ်ကမ္ဘာလုံးရဲ့ စိတ်ဝင်စားခြင်းကိုခံနေရတဲ့ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးတိုက်ပွဲကြီးဟာ ဖေဖော်ဝါရီလထဲကစတင်ခဲ့တာဖြစ်ပြီး ဒီနေ့ဒီချိန်ထိ အရှိန်မြင့်တက်နေဆဲပါပဲနော်။အလွှာအသီးသီးက လူတန်းစားမျိုးစုံဟာ မိမိတို့ရဲ့ အနာဂါတ်လှပကောင်းမွန်စေဖို့အတွက် အခက်အခဲတွေကြားကနေ ရသလောက်ပါဝင်အားဖြည့်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီလိုအခက်အခဲတွေကြားကနေ လှုပ်ရှားမှုတွေပြုလုပ်ရင် ကြွေလွင့်သွားရတဲ့ သူရဲကောင်း အာဇာနည်တွေကိုလည်း ပြည်သူအားလုံးက ဝမ်းနည်းစိတ်မကောင်းဖြစ်ကာ မျက်ရည်ကျခဲ့ရသလို လေးစားဂုဏ်ပြုလျက်ရှိနေကြတာလည်းဖြစ်ပါတယ်။ဒီနေ့မှာဆိုလည်း မန္တလေးမြို့မှာ အပစ်အခက်တွေကြားကနေ မိန်းကလေးပေမယ့် မကြောက်မရွံ့ သတ္တိရှိစွာ တော်လှန်ပါဝင်ခဲ့ရင်း အသက်ပေးသွားရပြန်ပါတယ်။

ဒီသတင်းတွေကြားကြားချင်းအားလုံးက နှမျောတသဖြစ်ကာ ဝမ်းနည်းခဲ့ကြရတာအမှန်ပါပဲနော်။ဒီကိစ္စနဲ့ပတ်သက်ပြီးဒေါင်းကလည်း သူရဲ့စာမျက်နှာလေးထက်မှာ ဝမ်းနည်းကြောင်းစာလေးရေးကာဖော်ပြခဲ့ပါတယ်။” မင်းတို့အဲ့လောက်ရက်စက်ရလားအသက်(၁၉)နှစ်အရွယ် မိန်းကလေးတစ်ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ရသလား ညီမလေး”ကြယ်စင်”ကျွန်တော်တို့ရဲ့နိုင်ငံသူရဲကောင်းတစ်ဦး ကျွန်တော်တို့ဘယ်တော့မှမေ့လို့မရတော့ပါဘူးအသက်ပေးခဲ့ရတဲ့ပြည်သူတစ်ဦးချင်းစီကိုအမြဲလေးစားစွာ ဦးညွှတ်နေမှာပါအမြဲတမ်းရင်ထဲမှာအမှတ်ရနေမှာပါအကြမ်းဖက်သူပုန်တွေ ငါတို့ပြည်သူတွေမင်းတို့ကိုဘယ်တော့မှကမ္ဘာမကြေဘူး အမြဲတမ်းရွံရှာမုန်းတီးနေမယ် (၃.၃.၂၀၂၁)မတ်လ၊ဗုဒ္ဓဟူးနေ့”ဆိုတဲ့စာလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Credit – Cele Zone
Photo – Daung