Credit ; (CeleChitThu)
ပရိသတ်ကြီးရေ သရုပ်ဆောင်ညီနန္ဒနဲ့ အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ညီနန္ဒကတော့ အနုပညာလုပ်ငန်းတွေ တော်တော်ကြာရပ်နားထားပြီး ပြန်လည်ဝင်ရောက်လာပေမယ့်လည်းအားပေးနေကြဆဲပါပဲနော်။ သူဟာဆိုရင် အနုပညာလုပ်ငန်းတွေသာမက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုပါ လုပ်ကိုင်ရင်း ပရိသတ်တွေနဲ့ ပိုမိုရင်းနှီးလာတာပဲဖြစ်ပါတယ်။
ညီနန္ဒကတော့ ချစ်စရာကောင်းလွန်းတဲ့ သမီးလေးနဲ့အတူ သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားလျက်ရှိပါတယ်။ သူရဲ့ အလုပ်အကိုင်တွေ အောင်မြင်ဖို့အတွက်လည်း ကြိုးစားနေတဲ့သူတစ်ဦးပါပဲနော်။ ဒီနေ့မှာတော့ ညီနန္ဒက”ညီလေး Paing Takhon ရေ… Big Congratulations”လို့ဆိုပြီး နိုင်ငံတကာမှာ အောင်မြင်ပြီး အားပေးမှုအများဆုံးရရှိတဲ့ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်အတွက် ချီးကျူးစကားပြောလာတာကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။
ညီနန္ဒရဲ့ ချီးကျူးစကားဆိုလိုက်တာလေးကို ပရိသတ်တွေအတွက် ပြန်လည်ပြိီးမျှဝေပေးလိုက်ပါတယ်နော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။
Source…..Nyi Nanda’s Facebook
Credit ; (CeleChitThu)