



ချိုသာတဲ့အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသားချော ပိုင်တံ ခွန်ကတော့ ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံတွေထိ ထိုးဖောက်အောင်မြင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ နာမည်ကြီး မင်းသားတစ်ေ ယာက်ဖြစ်ပေမယ့် ကိုယ့်ကိုကိုယ်နှိမ်ချနေထိုင်တတ်ပြီး အောင်မြင်မှုဂုဏ်မမော က်မာတတ်တာကြောင့် ပရိသတ်သာမက အနုပညာအသိုင်းအဝိုင်းကတောင် ချီးကျူးရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ သူ့ရဲ့ ပရိသတ်တွေ အားပေးရကျိုးနပ်အောင် သူ့ရဲ့စိတ်ရောကိုယ်ပါ အေးချမ်းမှုရှိအောင်နေတဲ့အပြင် အနုပညာအ လုပ်တွေကိုလည်း ကြိုးစားလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ပိုင်တံခွန်က သူ့အနေနဲ့ လူတကာချစ်ခင်လေးစားရတဲ့ နာမည်ကြီး မင်းသားတ စ်ယောက်ဖြစ်ပေမယ့် ချေမိုးနေခြင်းမရှိပဲ အမြဲတမ်းပြုံးချိုနေတဲ့အကြောင်းအရင်းကို အခုလိုပဲ ပြောပြလာပါတယ်။ ပိုင်တံခွန်က “သိသိ မသိသိ အပြင်မှာဆုံရင် ကျနော့်ဘက်က စပြုံးပြတတ်တဲ့အကျင့်ရှိတယ်။ တနည်းအားဖြင့် မင်္ဂလာပါဆိုတဲ့ သဘော 🥰” ဆိုပြီး သူ့ကိုကြည့်လိုက်ရင် အမြဲတမ်း ပြုံးပြုံးလေးပဲ နေထိုင်တ တ်တဲ့အကြောင်းကို ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ ကမ္ဘာကျော်မင်းသား တစ်ယောက်ဖြစ်ပေမယ့် သူ့ကိုအားပေးရတဲ့ ပရိသတ်တွေတစ်ယောက်ချင်းစီတိုင်းကို လေးလေးစားစား ဆက်ဆံတတ်သူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကို လေးစားတဲ့ ပိုင်တံခွန်တစ်ယောက် ဒီထက်မက အောင်မြင်မှုအဓွန့်ရှည်ပါစေလို့ ဆန္ဒပြုလုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပ ါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Paing Takhon’s fb
Credit – Cele Connections