ေခ်ာေမာေျပျပစ္တဲ့ ႐ုပ္ရည္အျပင္ ခ်စ္စရာေကာင္းတဲ့ အၿပဳံးနဲ႔ ခ်ိဳသာတဲ့ အသံေလးကို ပိုင္ဆိုင္ထားတဲ့ အဆိုေတာ္ အုပ္စိုးခန႔္ကေတာ့ အမိုက္စားသီခ်င္းေတြကိုလည္း အထာက်က်သီဆိုေလ့ရွိတာေၾကာင့္ ႏႈတ္ခမ္းနီမေလးေတြရဲ႕ႏွလုံးသားကို ပိုင္ဆိုင္ထားသူေလးပဲ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ အုပ္စိုးခန႔္က သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္လည္း လုပ္ကိုင္လာခဲ့ၿပီး “အိပ္မက္ေတြမိုးထားတဲ့အိမ္” ဇာတ္လမ္းတြဲမွာလည္း ပါဝင္သ႐ုပ္ေဆာင္ခဲ့သလို ေၾကာ္ျငာေတာ္ေတာ္မ်ားမ်ားမွာလည္း ပါဝင္သ႐ုပ္ေဆာင္လာႏိုင္ခဲ့တာ ပရိသတ္ႀကီး သတိထားမိၾကမယ္ ထင္ပါတယ္။

အ႐ြယ္နဲ႔မလိုက္ေအာင္ ေအာင္ျမင္မႈေတြရရွိေနတဲ့ အုပ္စိုးခန႔္ကေတာ့ အႏုပညာအလုပ္ေတြကိုလည္း ဆက္တိုက္ဆိုသလို လုပ္ကိုင္ေနတာကို ပရိသတ္ႀကီးေတြ႕ရမယ္ ထင္ပါတယ္။ ဒီကေန႔မွာလည္း အုပ္စိုးခန႔္က ႏိုင္ငံေက်ာ္ မင္းသမီးႀကီးေတြျဖစ္တဲ့ အကယ္ဒမီ ထက္ထက္မိုးဦး၊ အကယ္ဒမီ ေအးျမတ္သူတို႔နဲ႔ အမွတ္တရဓာတ္ပုံေလးကို မွ်ေဝၿပီး “ကိုယ္ခ်စ္ေသာ……” ဆိုျပီး အမွတ္တရအခုိက္အတံ့ေလးတစ္ခုကို သိမ္းဆည္းလာခဲ့ပါတယ္။

အုပ္စိုးခန့္ကေတာ့ အသက္ (၂၀) မျပည့္ေသးခင္အရြယ္မွာတင္ ေအာင္ျမင္မႈေတြ အၾကီးအက်ယ္ရရိွေနတာ သူ့ရဲ့ ထူးျခားတဲ့ ပါရမီတစ္ခုပါပဲ။ ပရိသတ္ၾကီးကလည္း အုပ္စိုးခန့္ကို ပိုခ်စ္ျပီး ပိုအားေပးၾကပါဦးလုိ့ ေတာင္းဆိုပါရေစေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Oak Soe Khant’s fb
Credit – Cele Connections

ချောမောပြေပြစ်တဲ့ ရုပ်ရည်အပြင် ချစ်စရာကောင်းတဲ့ အပြုံးနဲ့ ချိုသာတဲ့ အသံလေးကို ပိုင်ဆိုင်ထားတဲ့ အဆိုတော် အုပ်စိုးခန့်ကတော့ အမိုက်စားသီချင်းတွေကိုလည်း အထာကျကျသီဆိုလေ့ရှိတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့နှလုံးသားကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အုပ်စိုးခန့်က သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း လုပ်ကိုင်လာခဲ့ပြီး “အိပ်မက်တွေမိုးထားတဲ့အိမ်” ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သလို ကြော်ငြာတော်တော်များများမှာလည်း ပါဝင်သရုပ်ဆောင်လာနိုင်ခဲ့တာ ပရိသတ်ကြီး သတိထားမိကြမယ် ထင်ပါတယ်။

အရွယ်နဲ့မလိုက်အောင် အောင်မြင်မှုတွေရရှိနေတဲ့ အုပ်စိုးခန့်ကတော့ အနုပညာအလုပ်တွေကိုလည်း ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာကို ပရိသတ်ကြီးတွေ့ရမယ် ထင်ပါတယ်။ ဒီကနေ့မှာလည်း အုပ်စိုးခန့်က နိုင်ငံကျော် မင်းသမီးကြီးတွေဖြစ်တဲ့ အကယ်ဒမီ ထက်ထက်မိုးဦး၊ အကယ်ဒမီ အေးမြတ်သူတို့နဲ့ အမှတ်တရဓာတ်ပုံလေးကို မျှဝေပြီး “ကိုယ်ချစ်သော……” ဆိုပြီး အမှတ်တရအခိုက်အတံ့လေးတစ်ခုကို သိမ်းဆည်းလာခဲ့ပါတယ်။

အုပ်စိုးခန့်ကတော့ အသက် (၂၀) မပြည့်သေးခင်အရွယ်မှာတင် အောင်မြင်မှုတွေ အကြီးအကျယ်ရရှိနေတာ သူ့ရဲ့ ထူးခြားတဲ့ ပါရမီတစ်ခုပါပဲ။ ပရိသတ်ကြီးကလည်း အုပ်စိုးခန့်ကို ပိုချစ်ပြီး ပိုအားပေးကြပါဦးလို့ တောင်းဆိုပါရစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Oak Soe Khant’s fb
Credit – Cele Connections