မင္းသားေခ်ာ ခန႔္စည္သူ ကေတာ့ အႏုပညာ ေလာကမွာ ႏွစ္ေပါင္း သုံးဆယ္ နီးပါး ပရိသတ္ အားေပး မႈကို အခိုင္အမာ ရရွိထား သူ ျဖစ္ပါတယ္။ “အမ်ား ႏွင့္မသက္ဆိုင္သူ” ႐ုပ္ရွင္ ဇာတ္ကားႀကီး နဲ႔ အကယ္ဒမီ ဆုႀကီးတစ္ခု ကို လက္ဝယ္ ပိုင္ဆိုင္ ထားတဲ့ ခန႔္စည္သူ က အႏုပညာ မွာ ပါရမီ ထူးခၽြန္သလို အလႉ အတန္းမွာလည္း ရက္ေရာ လြန္းတာေၾကာင့္ ေကာင္းသတင္း နဲ႔ ေက်ာ္ေစာသူ တစ္ေယာက္ ျဖစ္ပါတယ္။ ခန႔္စည္သူ က ပရဟိတ လုပ္ငန္းေတြ ကို တစ္ကိုယ္ေတာ္ ျပဳလုပ္သလို “ေမတၱာသဂၤဟ” ပရဟိတ အဖြဲ႕ကိုလည္း ဦးေဆာင္ၿပီး လူမႈအ က်ိဳးျပဳလုပ္ငန္း ေတြကို လႈပ္ရွားေဆာင္ရြက္ ေနသူ တစ္ဦးပဲ ျဖစ္ပါတယ္။

ဒီကေန႔ ဇန္နဝါရီလ (၄) ရက္ ေန႔မွာ ေတာ့ ခန႔္စည္သူ ကို ခ်စ္ခင္ေလးစားၾကတဲ့ ပရိသတ္ေတြ ကို ဝမ္းသာ ဂု ဏ္ယူေစမယ့္ သတင္းေကာင္း တစ္ခုကေတာ့ အကယ္ဒမီ ခန႔္စည္သူက နိုင္ငံေတာ္က ေပးအပ္ ခ်ီးျမႇင့္တဲ့ သီရိသုဓမၼမဏိေဇာတဓရ ဘြဲ႕ကို ရရွိခဲ့တာပဲ ျဖစ္ပါတယ္။ သီရိသုဓမၼမဏိေဇာတဓရဘြဲ႕ ကေတာ့ သာသနာ့က်က္သေရေဆာင္ ပတၱျမား ပမာ ႏွိုင္းယွဥ္ အပ္သူ အဆင့္အျမင့္ဆုံး အမ်ိဳးသာ းဥပါသိကာ (ဒုတိယအဆင့္) လို႔ ျမန္မာအဓိပၸာယ္ရတာျဖစ္ၿပီး ဒီကႏွစ္မွာေတာ့ ခန႔္စည္သူက ေပးအပ္ ခ်ီးျမႇင့္ျခင္းခံရတာပဲ ျဖစ္ပါတယ္။

ခန႔့္စည္သူက သီဟသုဓမၼမဏိေဇာတဓရဘြဲ႕ ကို ေပးအပ္ ခ်ီးျမႇင့္ျခင္းခံထားရသူ ျဖစ္ၿပီး ဒီႏွစ္ (၂၀၂၁) ခုႏွစ္ မွာေတာ့ သီရိသုဓမၼမဏိေဇာတဓရဘြဲ႕ကို ထပ္မံရရွိခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ခန႔္စည္သူ ရဲ့ ဝမ္းသာစရာသတင္းအတြက္ ဂုဏ္ယူ ေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ နိုင္ၾကပါေစ လို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: MRTV ‘s fb
Credit – Cele Connections

မင်းသားချော ခန့်စည်သူ ကတော့ အနုပညာ လောကမှာ နှစ်ပေါင်း သုံးဆယ် နီးပါး ပရိသတ် အားပေး မှုကို အခိုင်အမာ ရရှိထား သူ ဖြစ်ပါတယ်။ “အများ နှင့်မသက်ဆိုင်သူ” ရုပ်ရှင် ဇာတ်ကားကြီး နဲ့ အကယ်ဒမီ ဆုကြီးတစ်ခု ကို လက်ဝယ် ပိုင်ဆိုင် ထားတဲ့ ခန့်စည်သူ က အနုပညာ မှာ ပါရမီ ထူးချွန်သလို အလှူ အတန်းမှာလည်း ရက်ရော လွန်းတာကြောင့် ကောင်းသတင်း နဲ့ ကျော်စောသူ တစ်ယောက် ဖြစ်ပါတယ်။ ခန့်စည်သူ က ပရဟိတ လုပ်ငန်းတွေ ကို တစ်ကိုယ်တော် ပြုလုပ်သလို “မေတ္တာသင်္ဂဟ” ပရဟိတ အဖွဲ့ကိုလည်း ဦးဆောင်ပြီး လူမှုအ ကျိုးပြုလုပ်ငန်း တွေကို လှုပ်ရှားဆောင်ရွက် နေသူ တစ်ဦးပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဇန်နဝါရီလ (၄) ရက် နေ့မှာ တော့ ခန့်စည်သူ ကို ချစ်ခင်လေးစားကြတဲ့ ပရိသတ်တွေ ကို ဝမ်းသာ ဂု ဏ်ယူစေမယ့် သတင်းကောင်း တစ်ခုကတော့ အကယ်ဒမီ ခန့်စည်သူက နိုင်ငံတော်က ပေးအပ် ချီးမြှင့်တဲ့ သီရိသုဓမ္မမဏိဇောတဓရ ဘွဲ့ကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ သီရိသုဓမ္မမဏိဇောတဓရဘွဲ့ ကတော့ သာသနာ့ကျက်သရေဆောင် ပတ္တမြား ပမာ နှိုင်းယှဉ် အပ်သူ အဆင့်အမြင့်ဆုံး အမျိုးသာ းဥပါသိကာ (ဒုတိယအဆင့်) လို့ မြန်မာအဓိပ္ပာယ်ရတာဖြစ်ပြီး ဒီကနှစ်မှာတော့ ခန့်စည်သူက ပေးအပ် ချီးမြှင့်ခြင်းခံရတာပဲ ဖြစ်ပါတယ်။

ခန့့်စည်သူက သီဟသုဓမ္မမဏိဇောတဓရဘွဲ့ ကို ပေးအပ် ချီးမြှင့်ခြင်းခံထားရသူ ဖြစ်ပြီး ဒီနှစ် (၂၀၂၁) ခုနှစ် မှာတော့ သီရိသုဓမ္မမဏိဇောတဓရဘွဲ့ကို ထပ်မံရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခန့်စည်သူ ရဲ့ ဝမ်းသာစရာသတင်းအတွက် ဂုဏ်ယူ နေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင် နိုင်ကြပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်။

Source: MRTV ‘s fb
Credit – Cele Connections