


Credit ; Swelsone News

မော်ဒယ်လောက ကနေ သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာပြီး အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် မင်းသားချောလေး ပိုင်တံခွန်ပဲ ဖြစ်ပါတယ်။ သူရဲ့ အမိုက်စားဘော်ဒီနဲ့ ဆံနွယ်ရှည်လေးတွေကြောင့်လည်း နှုတ်ခမ်းနီမလေးတွေက ကြွေပြီးရင်း ကြွေနေကြတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အောင်မြင်မှုတွေက မြန်မာနိုင်ငံတွင်သာမကဘဲ ပြည်ပနိုင်ငံများမှာတောင် ရေပန်းစားနေတာလည်း ဖြစ်ပါတယ်။ မနေ့ကလည်း လူမှုကွန်ယက်စာမျက်နှာများတွင် ပိုင်တံခွန်ရဲ့အကြောင်းအရာတွေဟာ လူပြောအများဆုံးသတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

အရှေ့တောင်အာရှနိုင်ငံကြီးများက မိန်းကလေးပရိသတ်များကတောင် ပိုင်တံခွန်ရဲ့ ပုံစံလေးကိုသဘောတွေကျပြီး အချိန်တိုအတွင်း နိုင်ငံတကာမှာ နာမည်ကြီးလာတာလည်း ဖြစ်ပါတယ်။ အင်တာနေရှင်နယ်က ပရိသတ်တွေတိုးပွားလာတာကြောင့်လည်း အခြားဘာသာစကားတွေပါ တတ်မြောက်ရန်လိုအပ်နေတယ်လို့လည်း ပရိသတ်တစ်ချို့က သုံးသပ်နေကြတာပဲ ဖြစ်ပါတယ်။ ဒီသတင်းကြားကြားချင်းမှာဘဲ ပိုင်တံခွန်ကောင်မလေးရဲ့Instagram Story မှာ ပုံလေးတစ်ပုံ တင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ ပြည်ပနိုင်ငံကသတင်းစာများမှာတောင်ဖော်ပြခြင်းခံနေရတဲ့ချစ်သူရဲ့အောင်မြင်မှုတွေအတွက်ကျေနပ်ဂုဏ်ယူနေတာပဲ ဖြစ်ပါတယ်။ သူမကလည်း ” Today’s Singapore Newspaper 🖤” ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ်။ အားလုံးလည်း သိရှိနိုင်အောင် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပြီး ပရိသတ်တွေလည်း ပိုင်တံခွန်ရဲ့ အောင်မြင်မှုတွေကို ဒီ့ထက်မကပိုမိုများပြားလာအောင် ဆုတောင်းပေးကြပါဦးနော်။

Credit ; Swelsone News