အဆိုေတာ္ ထြန္းအိျႏၵာဗိုလ္ရဲ့ တူမအျဖစ္ The Voice Myanmar သီခ်င္းဆိုျပိုင္ပြဲမွာ စတင္ျပီး လူသိမ်ားလာခဲ့တဲ့ G ကေတာ့ လူငယ္တစ္ေယာက္ပီပီ သူမရဲ့ ကိုယ္ပိုင္ယူဆခ်က္နဲ့ ကိုယ္ပိုင္ရပ္တည္ေနသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ G က သူမရဲ့ မိခင္ ေဒၚသက္သက္ခိုင္နဲ့ ပက္သတ္ျပီး ျပည္သူေတြရဲ့ ေဝဖန္မႈေတြကို ျပင္းျပင္းထန္ထန္ခံေနရေပမယ့္ ၾကားေနသူတစ္ေယာက္အျဖစ္ သူမဝါသနာပါတဲ့ ပရဟိတအလုပ္ေတြကိုသာ တစိုက္မတ္မတ္လုပ္ကိုင္ေနသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။

လက္ရိွမွာလည္း G က နုိင္ငံေရးျပႆနာေတြၾကားထဲမွာ ပရဟိတအလုပ္ကိုသာ တစိုက္မတ္မတ္လုပ္ကိုင္ျပီး ျပည္သူ့အက်ိဳးသယ္ပိုးေနေၾကာင္းကို သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာကေန အခုလိုပဲ ေျပာလာပါတယ္။ “မနက္ နဲ႔ ေန႔လည္ကို ဆူးေလႏွင့္ သုဝဏၰမွာ medical cover ယူရင္း အေအး၊ ေရ၊ မုန႔္၊ ရႉေဆး၊ strepsils မ်ားေဝခဲ့ပါတယ္။ မနက္ျဖန္အတြက္လည္း အလႉရွင္တစ္ဦးက အေအး(၁၃)ကဒ္ အလႉခံရထားပါတယ္။ ညေနပိုင္းမွာ လႈိင္သာယာမွ အမွတ္(၂)စစ္ေဆး႐ုံသို႔ ဖ်ားနာလူနာတစ္ဦး ပို႔ေဆာင္ခဲ့ပါတယ္ရွင္။” ဆိုျပီး သူမရဲ့ တစ္ေန့တာကုသိုလ္ေလးကို မွ်ေဝေပးလာပါတယ္။

G ကေတာ့ သူမအလုပ္ကိုသူမ အေကာင္းဆံုးလုပ္ကိုင္ရင္း ျပည္သူလူထုအက်ိဳး သယ္ပိုးေဆာင္ရြက္ေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း G ရဲ့ ကုသိုလ္ေလးကို ဝမ္းေျမာက္စြာ သာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုကၸါတယ္ေနာ္။

Source: G Vocals’s fb
Credit– Cele Connections

အဆိုတော် ထွန်းအိန္ဒြာဗိုလ်ရဲ့ တူမအဖြစ် The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ စတင်ပြီး လူသိများလာခဲ့တဲ့ G ကတော့ လူငယ်တစ်ယောက်ပီပီ သူမရဲ့ ကိုယ်ပိုင်ယူဆချက်နဲ့ ကိုယ်ပိုင်ရပ်တည်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ G က သူမရဲ့ မိခင် ဒေါ်သက်သက်ခိုင်နဲ့ ပက်သတ်ပြီး ပြည်သူတွေရဲ့ ဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန်ခံနေရပေမယ့် ကြားနေသူတစ်ယောက်အဖြစ် သူမဝါသနာပါတဲ့ ပရဟိတအလုပ်တွေကိုသာ တစိုက်မတ်မတ်လုပ်ကိုင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

လက်ရှိမှာလည်း G က နိုင်ငံရေးပြဿနာတွေကြားထဲမှာ ပရဟိတအလုပ်ကိုသာ တစိုက်မတ်မတ်လုပ်ကိုင်ပြီး ပြည်သူ့အကျိုးသယ်ပိုးနေကြောင်းကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ အခုလိုပဲ ပြောလာပါတယ်။ “မနက် နဲ့ နေ့လည်ကို ဆူးလေနှင့် သုဝဏ္ဏမှာ medical cover ယူရင်း အအေး၊ ရေ၊ မုန့်၊ ရှူဆေး၊ strepsils များဝေခဲ့ပါတယ်။ မနက်ဖြန်အတွက်လည်း အလှူရှင်တစ်ဦးက အအေး(၁၃)ကဒ် အလှူခံရထားပါတယ်။ ညနေပိုင်းမှာ လှိုင်သာယာမှ အမှတ်(၂)စစ်ဆေးရုံသို့ ဖျားနာလူနာတစ်ဦး ပို့ဆောင်ခဲ့ပါတယ်ရှင်။” ဆိုပြီး သူမရဲ့ တစ်နေ့တာကုသိုလ်လေးကို မျှဝေပေးလာပါတယ်။

G ကတော့ သူမအလုပ်ကိုသူမ အကောင်းဆုံးလုပ်ကိုင်ရင်း ပြည်သူလူထုအကျိုး သယ်ပိုးဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း G ရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။

Source: G Vocals’s fb
Credit– Cele Connections