ပရိသတ်​အချစ်​​တော်​ အနုပညာရှင်​တစ်​ဦးဖြစ်​တဲ့ ခိုင်​သင်​းကြည်​က​တော့ ​ပြောင်​​မြောက်​လှတဲ့ သရုပ်​​ဆောင်​ချက်​​တွေနဲ့ ပရိသတ်​​တွေရဲ့ရင်​ထဲမှာ နှစ်​​ပေါင်​းများစွာ ​နေရာယူထားနိုင်​တာပါ။ အနုပညာလောကမှာလည်း အောင်မြင်မှုရရှိနေတဲ့ ခိုင်သင်းကြည်က သူမကို အရမ်းချစ်ပြီး တန်ဖိုးထားမြတ်နိုးတဲ့ခင်ပွန်း၊ အရမ်းချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိတဲ့ သမီးလေးနဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ ပရိသတ်တွေကတော့ ခိုင်သင်းကြည်ရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့အတူတူ သူမရဲ့ မိသားစုလေးကိုပါ ချစ်ခင်အားပေးကြတာ ဖြစ်ပါတယ်။
အလှူအတန်းတွေကို မကြာခဏပြုလုပ်လေ့ရှိတဲ့ ခိုင်သင်းကြည်တို့ မိသားစုက ဒီကနေ့ ဇန်နဝါရီလ (၄) ရက်နေ့ကို နေအိမ်မှာပဲ သံဃာတော်များကို ပင့်ပြီး အရုဏ်ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။ ဒီနှစ်ကိုလည်း အလှူအတန်းတွေပြုလုပ်ပြီး ဖြတ်သန်းခဲ့တဲ့ ခိုင်သင်းကြည်က အရင်နှစ်တွေရဲ့ ဇန်နဝါရီလ (၄) ရက်နေ့တိုင်းမှာ မိသားစုကောင်းမှုကုသိုလ်တွေအတူတူ ပြုလုပ်ကြရင်း ဖြတ်သန်းကုန်ဆုံးဖြစ်ကြောင်း “ဒီ၁လပိုင်း၄ရက်နေ့ကို အရင်နှစ်တွေကလည်း အလှူတွေနဲ့ဖြတ်သန်းဖြစ်ပါတယ်🙏” ဆိုပြီး အမှတ်တရပြောလာပါတယ်။
ခိုင်သင်းကြည်တို့ မိသားစုကတော့ ကုသိုလ်ရေးမှာ လက်မနှေးကြပဲ စိတ်တူကိုယ်တူရှိကြတဲ့ မိသားစုလေးပဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည်တို့ မိသားစုလေး နှစ်စဉ်နှစ်တိုင်း အလှူအတန်းတွေ ဆထက်တမ်းပိုး လှူနိုင်တန်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: KHINE THIN KYI’s fb
Credit – Cele Connections