


Source: Chue Chue’s fb

“ထာဝရမန္တလေး” ဇာတ်လမ်းတွဲကြီးထဲက သွက်သွက်လက်လက်နဲ့ ချစ်စရာကောင်မလေး ငွေရည်နှင်းစက်ဆိုပြီး ပရိသတ်တွေ စတင်အားပေးခဲ့ကြတဲ့ ခြူးလေးကတော့ ဇာတ်လမ်းတွဲတွေများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းလွန်းပြီး ကျရာဇာတ်ရုပ်အပေါ် စိတ်ရောကိုယ်ပါနစ်ပြီး ကြိုးစားသူ ခြူးလေးကတော့ ဗီလိန်ကာရိုက်တာတွေမှာတောင် ပရိသတ်အားပေးခြင်းကိုခံရတဲ့ မင်းသမီးလေးတစ်လက်ပါပဲ။ ခြူးလေးက လက်ရှိမှာတော့ ဇာတ်လမ်းတွဲတွေအပြင် ကြော်ငြာတွေများစွာနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ အများအပြားပါဝင်သရုပ်ဆောင်နေပြီဖြစ်ကြောင်း ပရိသတ်ကြီး သတိထားမိကြမယ် ထင်ပါတယ်။

လူငယ်ပီပီ စိတ်ခံစားချက်နဲ့ ပက်သတ်ပြီး လူမှုကွန်ယက်မှာ ရင်ဖွင့်လေ့ရှိတဲ့ ခြူးလေးက ဒီတစ်ခေါက်မှာလည်း နှစ်နှစ်ဆက်တိုက် ဇန်နဝါရီလ (၈) ရက်နေ့မှာ ထူးခြားတိုက်ဆိုင်တဲ့ စိတ်ခံစားချက်တွေရှိခဲ့ကြောင်းကို “တိုက်ဆိုင်လိုက်တာနော်.. ချန်ဖူးလေးပြောမှ သတိထားမတယ် ( Jan 8 ရက်နေ့မှာ အမြဲ ဘဲ ဋီကာ ဖွင့်မယ်လို့များ တွေးထားလေသလား ဒေါ်ခြူးလေး🤭😁😂 )” ဆိုပြီး ဇန်နဝါရီလ (၈) ရက်နေ့ရောက်တိုင်း ဘဲနဲ့ပက်သတ်ပြီး ဓာတ်ပုံလေးတွေတင် Caption လေးတွေရေးတတ်တဲ့ သူမကိုယ်သူမ ရှက်စနိုးလေး ဝန်ခံလာခဲ့တာပဲ ဖြစ်ပါတယ်။

ခြူးလေးကတော့ တစ်ချိန်က အချစ်ရေးနဲ့ ပက်သတ်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြထားခဲ့ပြီး လက်ရှိမှာတော့ တစ်ကိုယ်တည်း Single အဖြစ်နဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ခြူးလေးတစ်ယောက် အခုလိုပဲ အပူအပင်ကင်းကင်းနဲ့ အနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Chue Chue’s fb
Credit – Cele Connections