တစ္္နုိင္ငံလံုးက ပရိသတ္ေတြခ်စ္ၾကတဲ့ ေနျခည္ဦးက Beauty Blogger တစ္ေယာက္အျဖစ္ကေန ရုပ္ရွင္သရုပ္ေဆာင္အျဖစ္ပါ ေအာင္ျမင္လာခဲ့ျပီး “ရန္သူ”၊ “ဧည့္သည္”၊ “ပုရိသ”၊ “အခမ္းနားဆံုးေမတၱာ” စတဲ့ ရုပ္ရွင္ဇာတ္ကားၾကီးေတြအျပင္ “အိပ္မက္ေတြမိုးထားတဲ့အိမ္” ဇာတ္လမ္းတြဲမွာလည္း ဝါရင့္သရုပ္ေဆာင္ေတြနဲ့အျပိဳင္ ပါဝင္သရုပ္ေဆာင္နိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ေနျခည္တစ္ေယာက္ တက္သစ္စသရုပ္ေဆာင္တစ္ေယာက္ျဖစ္ေပမယ့္ သူမရဲ့ ကြ်မ္းက်င္လိမၼာတဲ့ အိုက္တင္အမူအယာေလးေတြေၾကာင့္ ရံုျပည့္ရံုလွ်ံတဲ့အထိ အားေပးၾကတာကို ေတြ့ရပါတယ္။

(၂၀၁၉) ခုနွစ္မွာ ရုပ္ရွင္ဇာတ္ကားၾကီးေတြနဲ့ ဇာတ္လမ္းတြဲေတြ ဆက္တိုက္ရိုက္ကူးခဲ့တဲ့ ေနျခည္ဦးက (၂၀၂၀) ခုနွစ္မွာေတာ့ ကပ္ေရာဂါအေျခအေနေတြေၾကာင့္ သူမရဲ့ အနုပညာလႈပ္ရွားမႈအခ်ိဳ့ကို ရပ္နားခဲ့တာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ နွစ္သစ္ကို ကူးေျပာင္းတဲ့ (၂၀၂၁) ခုနွစ္မွာေတာ့ ေနျခည္ဦးက ဒါရိုက္တာ ကိုေဇာ္(အရုဏ္ဦး) ရိုက္ကူးမယ့္ “ခ်စ္ပန္းဝါဝါ” ဆိုတဲ့ ရုပ္ရွင္ဇာတ္ကားၾကီးမွာ ပါဝင္သရုပ္ေဆာင္ဖို့ အဆင္သင့္ျဖစ္ေနျပီဆုိတဲ့အေၾကာာင္းကို သူမရဲ့ ေဖ့စ္ဘုတ္ My Day မွာ ေျပာျပလာပါတယ္။

ေနျခည္ဦးကေတာ့ “ရန္သူ”၊ “ဧည့္သည္”၊ “ပုရိသ”၊ “အခမ္းနားဆံုးေမတၱာ” စတဲ့ ရုပ္ရွင္ဇာတ္ကားၾကီးေတြျပီးရင္ ဒီဇာတ္ကားၾကီးကေတာ့ သူမအတြက္ (၅) ကားေျမာက္ ရုပ္ရွင္ဇာတ္ကားၾကီးျဖစ္လာမွာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးကလည္း ေနျခည္ပါဝင္သရုပ္ေဆာင္မယ့္ “ခ်စ္ပန္းဝါဝါ” ရုပ္ရွင္ဇာတ္ကားၾကီးကို ရင္ခုန္စြာနဲ့ ေစာင့္ေမွ်ာ္ေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Nay Chi Oo’s fb
Credit– Cele Connections

တစ််နိုင်ငံလုံးက ပရိသတ်တွေချစ်ကြတဲ့ နေခြည်ဦးက Beauty Blogger တစ်ယောက်အဖြစ်ကနေ ရုပ်ရှင်သရုပ်ဆောင်အဖြစ်ပါ အောင်မြင်လာခဲ့ပြီး “ရန်သူ”၊ “ဧည့်သည်”၊ “ပုရိသ”၊ “အခမ်းနားဆုံးမေတ္တာ” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေအပြင် “အိပ်မက်တွေမိုးထားတဲ့အိမ်” ဇာတ်လမ်းတွဲမှာလည်း ဝါရင့်သရုပ်ဆောင်တွေနဲ့အပြိုင် ပါဝင်သရုပ်ဆောင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နေခြည်တစ်ယောက် တက်သစ်စသရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် သူမရဲ့ ကျွမ်းကျင်လိမ္မာတဲ့ အိုက်တင်အမူအယာလေးတွေကြောင့် ရုံပြည့်ရုံလျှံတဲ့အထိ အားပေးကြတာကို တွေ့ရပါတယ်။

(၂၀၁၉) ခုနှစ်မှာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေ ဆက်တိုက်ရိုက်ကူးခဲ့တဲ့ နေခြည်ဦးက (၂၀၂၀) ခုနှစ်မှာတော့ ကပ်ရောဂါအခြေအနေတွေကြောင့် သူမရဲ့ အနုပညာလှုပ်ရှားမှုအချို့ကို ရပ်နားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် နှစ်သစ်ကို ကူးပြောင်းတဲ့ (၂၀၂၁) ခုနှစ်မှာတော့ နေခြည်ဦးက ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးမယ့် “ချစ်ပန်းဝါဝါ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့အကြောာင်းကို သူမရဲ့ ဖေ့စ်ဘုတ် My Day မှာ ပြောပြလာပါတယ်။

နေခြည်ဦးကတော့ “ရန်သူ”၊ “ဧည့်သည်”၊ “ပုရိသ”၊ “အခမ်းနားဆုံးမေတ္တာ” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေပြီးရင် ဒီဇာတ်ကားကြီးကတော့ သူမအတွက် (၅) ကားမြောက် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်လာမှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း နေခြည်ပါဝင်သရုပ်ဆောင်မယ့် “ချစ်ပန်းဝါဝါ” ရုပ်ရှင်ဇာတ်ကားကြီးကို ရင်ခုန်စွာနဲ့ စောင့်မျှော်ပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Chi Oo’s fb
Credit– Cele Connections