နိုင္ငံေက်ာ္ထိပ္တန္းမင္းသားတစ္ေယာက္ျဖစ္တဲ့ ေနတိုးကေတာ့ ပရိသတ္ေတြရဲ့ အားေပးမႈေၾကာင့္ ေအာင္ျမင္တဲ့ေနရာကိုေရာက္ရိွလာသူပီပီ ပရိသတ္၊ မိဘျပည္သူေတြအေပၚ အလြန္ေလးစားသူတစ္ေယာက္ ျဖစ္ပါတယ္။ ေနတိုးကေတာ့ သူရရိွတဲ့အနုပညာေၾကးေတြနဲ့ အလွဴအတန္းေတြမ်ားစြာကို ျပဳလုပ္ခဲ့သလို ကိုဗစ္ကာလအတြင္းမွာလည္း အလွဴေငြ သိန္း (၂၀၀) နီးပါးကို လိုအပ္ေနတဲ့ေနရာေတြနဲ့ စားဝတ္ေနေရးခက္ခဲေနၾကတဲ့ အနုပညာညီအစ္ကိုေမာင္နွမေတြကို ခြဲေဝလွဴဒါန္းခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ စိတ္ရင္းေကာင္းျပီး ေစတနာေကာင္းတဲ့ ေနတိုးကို ပရိသတ္ေတြကလည္း တစ္ေန့ထက္တစ္ေန့ ပိုခ်စ္ျပီး အားေပးၾကတာပဲ ျဖစ္ပါတယ္။

ဒီကေန့ (၂၀၂၁) ခုနွစ္ ဇန္နဝါရီလ (၁) ရက္ေန့မွာေတာ့ ေနတိုးက သူ့ရဲ့ နွစ္စကို မဂၤလာရိွတဲ့ အလွဴေလးတစ္ခုကို ျပဳလုပ္ခဲ့တာပဲ ျဖစ္ပါတယ္။ ေနတိုးက ရန္ကုန္ျမိဳ့ အလိုေတာ္ျပည့္ေက်ာင္းတိုက္မွာ ရခုိင္ျပည္နယ္စစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ အသွ်င္ကုမာရထံ အလွဴေငြက်ပ္ (၅) သိန္းတိတိကို လွဴဒါန္းျပီး နွစ္သစ္ဦးအလွဴေလးတစ္ခုကို ျပဳလုပ္ခဲ့တာပဲ ျဖစ္ပါတယ္။

ေနတိုးကေတာ့ နွစ္တစ္နွစ္ရဲ့အစကို မဂၤလာရိွတဲ့ အလွဴေလးတစ္ခုကို ျပဳလုပ္ရင္း မဂၤလာရိွစြာ ျဖတ္သန္းခဲ့ျပီ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေနတိုးရဲ့ မဂၤလာဦးအလွဴေလးကို ဝမ္းေျမာက္စြာ သာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Nay Toe’s fb
Credit– Cele Connections

နိုင်ငံကျော်ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်တဲ့ နေတိုးကတော့ ပရိသတ်တွေရဲ့ အားပေးမှုကြောင့် အောင်မြင်တဲ့နေရာကိုရောက်ရှိလာသူပီပီ ပရိသတ်၊ မိဘပြည်သူတွေအပေါ် အလွန်လေးစားသူတစ်ယောက် ဖြစ်ပါတယ်။ နေတိုးကတော့ သူရရှိတဲ့အနုပညာကြေးတွေနဲ့ အလှူအတန်းတွေများစွာကို ပြုလုပ်ခဲ့သလို ကိုဗစ်ကာလအတွင်းမှာလည်း အလှူငွေ သိန်း (၂၀၀) နီးပါးကို လိုအပ်နေတဲ့နေရာတွေနဲ့ စားဝတ်နေရေးခက်ခဲနေကြတဲ့ အနုပညာညီအစ်ကိုမောင်နှမတွေကို ခွဲဝေလှူဒါန်းခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ စိတ်ရင်းကောင်းပြီး စေတနာကောင်းတဲ့ နေတိုးကို ပရိသတ်တွေကလည်း တစ်နေ့ထက်တစ်နေ့ ပိုချစ်ပြီး အားပေးကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ (၂၀၂၁) ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှာတော့ နေတိုးက သူ့ရဲ့ နှစ်စကို မင်္ဂလာရှိတဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ နေတိုးက ရန်ကုန်မြို့ အလိုတော်ပြည့်ကျောင်းတိုက်မှာ ရခိုင်ပြည်နယ်စစ်ဘေးရှောင်ပြည်သူများအတွက် အသျှင်ကုမာရထံ အလှူငွေကျပ် (၅) သိန်းတိတိကို လှူဒါန်းပြီး နှစ်သစ်ဦးအလှူလေးတစ်ခုကို ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

နေတိုးကတော့ နှစ်တစ်နှစ်ရဲ့အစကို မင်္ဂလာရှိတဲ့ အလှူလေးတစ်ခုကို ပြုလုပ်ရင်း မင်္ဂလာရှိစွာ ဖြတ်သန်းခဲ့ပြီ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေတိုးရဲ့ မင်္ဂလာဦးအလှူလေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Toe’s fb
Credit– Cele Connections