




ပရိသတ်ကြီးရေ ဇာတ်ပို့ သရုပ်ဆောင် ယွန်းရွှေရည်ကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်။,ယွန်းရွှေရည်ကတော့ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်သူ ဖြစ်ပြီး ဇာတ်ဆောင်တွေကို အကောင်းဆုံး ဇာတ်ပို့ပေးနိုင်သူ ဇာတ်ပို့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်နော်.။

ချောမောသူ တစ်ယောက်ဖြစ်ပေမယ့် ဇာတ်ပို့တစ်ယောက်အနေနဲ့ ချစ်တဲ့ အနုပညာအလုပ်တွေကို လုပ်ဆောင်နေသူ ယွန်းရွှေရည်ကတော့ ဇာတ်ပို့ဖြစ်ပေမယ့် ပရိသတ်တွေရဲ့ သတိထား အားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်နော်.။ ယွန်းရွှေရည်ကတော့ ရုပ်တည်ပေမယ့် ပျော်ရွှင်တက်ကြွစွာ နေတတ်ပြီး ဟာသ လုပ်တတ်သူ တစ်ယောက်လို့ ဆိုရင်မှားမယ် မထင်ပါဘူး..။

လတ်တလော အနုပညာအလုပ်တွေ နားချိန်လေးမှာ အိမ်မှာနေရင်းနဲ့ Tik Tok လေးတွေ ရိုက်ကာ ချစ်တဲ့ ပရိသတ်တွေအတွက် သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ.။ ဒီဇင်ဘာလ (၂၉)ရက်နေ့မှာလည်း ယွန်းရွှေရည်က နှစ်သစ်ကူး ညလေးကို အိမ်မှာပဲ ဖြတ်သန်းရမယ့် အဖြစ်လေးကို ဟာသနှောထားတဲ့ ဗီဒီယိုလေးကို ” အိမ်ကနေပဲ အော်တော့မယ်” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။

ပရိသတ်တွေအတွက်လည်း ယွန်းရွှေရည်ရဲ့ Happy New Year ညကို ကြိုဆိုမယ့် ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ Cele Active World ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်.။

Source: ယွန်းရွှေရည်’s Facebook
Violet(Cele Active World)