သရုပ္ေဆာင္မင္းသမီးတစ္ေယာက္လည္းျဖစ္သလို အမ်ိဳးသမီဒါရိုက္တာတစ္ေယာက္လည္းျဖစ္တဲ့ ဝါဝါဝင္းေရႊကေတာ့ အနုပညာေလာကရဲ့ စြယ္စံုရမင္းသမီးၾကီးတစ္ေယာက္ပဲ ျဖစ္ပါတယ္။ အကယ္ဒမီဆုေတြမ်ားစြာကိုလည္း ရရိွပိုင္ဆိုင္ထားတဲ့ ဝါဝါဝင္းေရႊက္ ငယ္စဥ္ကတည္းက ျပီးျပည့္စံုတဲ့ မိဘအသိုင္းအဝုိင္းက ဆင္းသက္လာခဲ့သူတစ္ေယာက္ျဖစ္ျပီး အခုခ်ိန္ထိလည္း ျပည့္စံုၾကြယ္ဝစြာေနထိုင္ေနသူတစ္ေယာက္ ျဖစ္ပါတယ္။ အလွဴအတန္းမွာလည္း လက္မေနွးပဲ သဒၵါတရားထက္သန္လြန္းတဲ့ ဝါဝါဝင္းေရႊက ဒီတစ္ခါမွာလည္း သူမ နွစ္ေပါင္းမ်ားစြာ အျမတ္တိုးတန္ဖိုးထားျပီး သိမ္းဆည္းခဲ့တဲ့ မဂၤလာဦးလက္စြပ္ကို ဘုရားဌာပနာအတြက္ လွဴဒါန္းခဲ့ေၾကာင္း အခုလိုပဲ ေျပာလာပါတယ္။
ဝါဝါဝင္းေရႊက “မြန္ဘုရင္မႀကီး ရွင္ေစာပု ကိုအမႉးထား၍ ပဲခူး ေခါင္ေဆးကြၽန္း ေက်ာက္စာတိုက္တြင္တည္ထားေသာ ဝဋ္ေၾကြးေတာ္ေျပ ဘုရားတြင္ ဌာပနာရန္အတြက္ ခင္ပြန္းဦးသန္းထြဌ္ ႏွင့္ ကြ်န္မတို႔၏ မဂ္လာဦး လက္စြပ္ႏွင့္ရတနာတခ်ိဳ႕အား နိဗၺာန္ကိုရည္စူး၍ လႉဒါန္းလိုက္ပါသည္။ ဤကုသိုလ္ေကာင္မႈ ကို ထပ္တူထပ္မွ် ရၾကပါေစအမွ်ေပးေဝလိုက္ပါတယ္။ ဝမ္းေျမာက္ႏုေမာ္ သာဓုေခၚဆိုႏိုင္ၾကပါေစေသာ္။”ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝေပးလာပါတယ္။
ဝါဝါဝင္းေရႊကေတာ့ သူမဘဝရဲ့ တစ္ခုတည္းေသာရိွတဲ့ မဂၤလာဦးလက္စြပ္ကို စြန့္လႊတ္ျပီး သံေယာဇဥ္ျဖတ္ လွဴဒါန္းခဲ့တာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း အန္တီဝါရဲ့ ကုသိုလ္ေလးကို ဝမ္းေျမာက္စြာ သာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။
Source: Wa Wa Win Shwe’s fb
Credit – Cele Connections
သရုပ်ဆောင်မင်းသမီးတစ်ယောက်လည်းဖြစ်သလို အမျိုးသမီဒါရိုက်တာတစ်ယောက်လည်းဖြစ်တဲ့ ဝါဝါဝင်းရွှေကတော့ အနုပညာလောကရဲ့ စွယ်စုံရမင်းသမီးကြီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ အကယ်ဒမီဆုတွေများစွာကိုလည်း ရရှိပိုင်ဆိုင်ထားတဲ့ ဝါဝါဝင်းရွှေက် ငယ်စဉ်ကတည်းက ပြီးပြည့်စုံတဲ့ မိဘအသိုင်းအဝိုင်းက ဆင်းသက်လာခဲ့သူတစ်ယောက်ဖြစ်ပြီး အခုချိန်ထိလည်း ပြည့်စုံကြွယ်ဝစွာနေထိုင်နေသူတစ်ယောက် ဖြစ်ပါတယ်။ အလှူအတန်းမှာလည်း လက်မနှေးပဲ သဒ္ဒါတရားထက်သန်လွန်းတဲ့ ဝါဝါဝင်းရွှေက ဒီတစ်ခါမှာလည်း သူမ နှစ်ပေါင်းများစွာ အမြတ်တိုးတန်ဖိုးထားပြီး သိမ်းဆည်းခဲ့တဲ့ မင်္ဂလာဦးလက်စွပ်ကို ဘုရားဌာပနာအတွက် လှူဒါန်းခဲ့ကြောင်း အခုလိုပဲ ပြောလာပါတယ်။
ဝါဝါဝင်းရွှေက “မွန်ဘုရင်မကြီး ရှင်စောပု ကိုအမှူးထား၍ ပဲခူး ခေါင်ဆေးကျွန်း ကျောက်စာတိုက်တွင်တည်ထားသော ဝဋ်ကြွေးတော်ပြေ ဘုရားတွင် ဌာပနာရန်အတွက် ခင်ပွန်းဦးသန်းထွဌ် နှင့် ကျွန်မတို့၏ မဂ်လာဦး လက်စွပ်နှင့်ရတနာတချို့အား နိဗ္ဗာန်ကိုရည်စူး၍ လှူဒါန်းလိုက်ပါသည်။ ဤကုသိုလ်ကောင်မှု ကို ထပ်တူထပ်မျှ ရကြပါစေအမျှပေးဝေလိုက်ပါတယ်။ ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ကြပါစေသော်။”ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာပါတယ်။
ဝါဝါဝင်းရွှေကတော့ သူမဘဝရဲ့ တစ်ခုတည်းသောရှိတဲ့ မင်္ဂလာဦးလက်စွပ်ကို စွန့်လွှတ်ပြီး သံယောဇဉ်ဖြတ် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အန်တီဝါရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Wa Wa Win Shwe’s fb
Credit – Cele Connections