


Credit – Cele Zone
Photo – May Khalar

ချစ်ငယ်လို့ အားလုံးကချစ်စနိုးခေါ်ကြတဲ့ အဆိုတော်မေခလာကတော့ တစ်ခေတ်တစ်ချိန်ထဲက သီချင်းတွေလည်းဆိုသလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်တဲ့သူတစ်ယောက်ဖြစ်လို့ စွယ်စုံရတဲ့ဝါရင့်အနုပညာရှင်တစ်ယောက်ပါ။မေခလာရဲ့ချစ်ခင်ပွန်း ကိုရန်ကျော်ကလည်း ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်လို့ ဇနီးမောင်နှံနှစ်ယောက်က အေးအတူပူအမျှနဲ့လက်တွဲနေကြတာဖြစ်ပြီး အားလုံးကအားကျနေရတာပါနော် ။

ပရိသတ်တွေကလည်း သူတို့စုံတွဲလေးကို အရမ်းအားကျကြသလို ချစ်ငယ်ရဲ့ပွင့်လင်းတဲ့ပြောဆိုပုံလေးတွေနဲ့စိတ်ထားဖြူစင်ပုံလေးတွေကို ချစ်နေကြတာပါ ။မေခလာကတော့ ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လှုပ်ရှားနေပြီး ချစ်ရတဲ့မိသားစုနဲ့အတူ အေးချမ်းပျော်ရွှင်စွာနေထိုင်‌နေတာဖြစ်ပါတယ်။

သူတို့ရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်စေရန် အမြဲဖော်ပြလေ့ရှိရာ အခုလည်း ချစ်ခင်ပွန်းနဲ့အတူ မျက်နှာတွေပြောင်ပြီး နှစ်ယောက်အပြိုင်ကကာ ဆော့ကစားထားတဲ့ Tik Tok ဗီဒီယိုလေးကိုဝေမျှထားရာ အရမ်းချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်ကြီးအတွက်လည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Credit – Cele Zone
Photo – May Khalar