ပရိသတ်ကြီးရေ ဘုန်းလျှံကတော့မကြာသေးမီက သူတို့ဇနီးမောင်နှံအနေနဲ့ ရရှိထားတဲ့ရင်သွေးလေးကို ဆုံးရှုံးခဲ့ရကြောင်း သူ့ရဲ့ ချစ်လှစွာသောပရိသတ်တွေကို ပြောပြခဲ့တာပါ။ ရင်သွေးလေးဆုံးရှူံးခဲ့ရတာကြောင့် ပရိသတ်တွေကလည်း စိတ်ပူခဲ့ကြတဲ့ မှတ်ချက်တွေပေးခဲ့ကြတာပါ။

ဒီနေ့မှာတော့” ကိုယ်တွေနှစ်ယောက်အတွက်စိတ်မကောင်းဖြစ်ပေးကြတဲ့သူများအားလုံးကိုကျေးဇူးတင်ပါတယ်နော်😘အခု မေလဲကျန်းမာရေးကောင်းမွန်နေပါပြီနော်. ရခိုင်ပြည်မြောက်ဦးမြို့အလှအပကိုစိတ်ကြည်နူးစွာခံစားနိုင်ဖို့လိုက်ပြမိပါတယ်😍😍😍”ဆိုတဲ့စာလေးနဲ့ ရင်သွေးလေးဆုံးရှူံးထားတဲ့ ဇနီးလေး စိတ်ပြေလက်ပျောက်ဖြစ်စေမယ့်အရာတွေကိုခင်ပွန်းကောင်းပီသစွာ ပြုစုစောင့်ရှောက်နေကြောင်းပြောပြ လာခဲ့တာပါ။

အဘက်ဘက်က နားလည်ဂရုစိုက်ပြုစုတတ်တဲ့ဘုန်းလျှံကိုပိုင်ဆိုင်ထားတဲ့ ဇနီးချောလေးအတွက်ကတော့တကယ့်ကို အားကျစရာအိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတာပါပဲနော်။ပရိသတ်တွေထဲမှာလည်းဘုန်းလျှံတို့ဇနီးမောင်နှံအတွက်စိတ်ပူနေသူတွေရှိရင်မှတ်လျက်ပေးခဲ့ပါဦးနော်။

Source-BhoneHlyan

Credit- CeleGabar

Leave a Comment

Your email address will not be published. Required fields are marked *