မင်းသမီးချောလေးနန်းမြတ်ဖြိုးသင်းကတော့ တစ်ချိန်က အနုပညာလောက မှာနေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ပါဝင်တဲ့ ဇာတ်ကားတွေမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ သူမကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပါ ။

စန္ဒီမြင့်လွင်ဟာဆိုရင်လည်း ဂီတလောမှာ Rap သီချင်းတွေနဲ့ အောင်မြင်မှုတွေရရှိပြီး အကောင်းဆုံးရပ်တည်နေတဲ့ သူပဲဖြစ်ပါတယ်။ သူမဟာ ယခုဆိုရင်လည်း သာယာ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်နဲ့ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစု ဘဝလေးကို ရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

သူတို့နှစ်ယောက်လုံးကတော့အနုပညာလောကမှာ အောင်မြင်မှုတွေကိုယ်စီ ရရှိပိုင်ဆိုင်ထားတဲ့ ငွေကြယ်ပွင့်လေးတွေပါနော် ။ဒါ့အပြင် သာယာတဲ့မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားကြတာပါ။ ခုလည်း ပထမဆုံး နှစ်ယောက်အတူ live လွှင့်ကာ သားနဲ့သမီးလေးတွေရဲ့ အကြောင်းတွေပြောရင်း ပရိသတ်တွေနဲ့ အပြန်အလှန်စကားတွေပြောထားတဲ့ ဗီဒီယိုလေးကိုဖော်ပြထားရာ ပရိသတ်ကြီးလည်းကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ် ။

Credit – Cele Zone
Photo – Sandy Myint Lwin & Nang Myat Phyo Thinn




Credit – Cele Zone
Photo – Sandy Myint Lwin & Nang Myat Phyo Thinn