ပရိသတ္ေတြခ်စ္ၾကတဲ့ မင္းသမီးေခ်ာေလး ေမတိုးခိုင္ကေတာ့ သူမရဲ့ ပထမဦးဆံုး ရုပ္ရွင္ဇာတ္ကားၾကီးျဖစ္တဲ့ “ရူးေအာင္္ခ်စ္မယ့္သူ” ရုပ္ရွင္ဇာတ္ကားနဲ့ ပရိသတ္အားေပးမႈကို ရရိွခဲ့တာ ျဖစ္ပါတယ္။ ေမတိုးခိုင္က အကယ္ဒမီအိျႏၵာေက်ာ္ဇင္ရဲ့ တူမအျဖစ္နဲ့ အနုပညာေလာကထဲကို ဝင္ေရာက္လာခဲ့ျပီး လက္ရိွမွာေတာ့ သရုပ္ေဆာင္နဲ့ ေမာ္္ဒယ္လ္ ေမတိုးခိုင္ဆိုျပီး နာမည္တစ္လံုးနဲ့ အခိုင္အမာရပ္တည္ေနျပီပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း အိျႏၵာေက်ာ္ဇင္လိုပဲ ေမတိုးခိုင္ကိုလည္း ခ်စ္ခင္အားေပးၾကျပီး သူမရဲ့ အနုပညာလႈပ္ရွားမႈေတြအားလံုးကိုလည္း စိတ္ဝင္စားစြာ ေစာင့္ၾကည့္ေပးၾကတာပဲ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ ေမတိုးခိုင္က သူမဘဝရဲ့ ပထမဦးဆံုးရုပ္ရွင္ဇာတ္ကားၾကီးလည္းျဖစ္သလို ပရိသတ္ေတြအားေပးၾကတဲ့ “ရူးေအာင္ခ်စ္မယ့္သူ” ရုပ္ရွင္ဇာတ္ကားထဲက အမွတ္တရတစ္ခုကို ခ်ျပလာပါတယ္။ အဲ့ဒါကေတာ့ “ရူးေအာင္ခ်စ္မယ့္သူ” ရုပ္ရွင္ဇာတ္ဝင္ခန္းအတြက္ လိုအပ္ေနတဲ့ ပန္းခ်ီကားကို ေနတိုးကိုယ္တိုင္ဆြဲေပးခဲ့တဲ့ ဓာတ္ပံုေလးပဲျဖစ္ျပီး ထိုပံုေလးက သူမဘဝအတြက္ အမွတ္တရနဲ့ မွတ္တိုင္တစ္ခုျဖစ္ခဲ့ေၾကာင္း ပရိသတ္ေတြကို ေျပာျပလာခဲ့တာပဲ ျဖစ္ပါတယ္။

ေမတိုးခိုင္ကေတာ့ သူမဘဝရဲ့ မွတ္မွတ္ရရတစ္ခုျဖစ္တဲ့ “ရူးေအာင္ခ်စ္မယ့္သူ” ရုပ္ရွင္ဇာတ္ကားၾကီးကို ဒီေန့ဒီအခ်ိန္ထိ သတိတရရိွေနၾကဆဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း အရမ္းေကာင္းတဲ့ ဒရမ္မာဇာတ္ကားေလး “ရူးေအာင္ခ်စ္မယ့္သူ” ရုပ္ရွင္ဇာတ္ကားကို ၾကည့္ဖူးၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: May Toe Khine’s fb
Credit – Cele Connections

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး မေတိုးခိုင်ကတော့ သူမရဲ့ ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ရူးအောင််ချစ်မယ့်သူ” ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်အားပေးမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ မေတိုးခိုင်က အကယ်ဒမီအိန္ဒြာကျော်ဇင်ရဲ့ တူမအဖြစ်နဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး လက်ရှိမှာတော့ သရုပ်ဆောင်နဲ့ မော််ဒယ်လ် မေတိုးခိုင်ဆိုပြီး နာမည်တစ်လုံးနဲ့ အခိုင်အမာရပ်တည်နေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အိန္ဒြာကျော်ဇင်လိုပဲ မေတိုးခိုင်ကိုလည်း ချစ်ခင်အားပေးကြပြီး သူမရဲ့ အနုပညာလှုပ်ရှားမှုတွေအားလုံးကိုလည်း စိတ်ဝင်စားစွာ စောင့်ကြည့်ပေးကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ မေတိုးခိုင်က သူမဘဝရဲ့ ပထမဦးဆုံးရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်သလို ပရိသတ်တွေအားပေးကြတဲ့ “ရူးအောင်ချစ်မယ့်သူ” ရုပ်ရှင်ဇာတ်ကားထဲက အမှတ်တရတစ်ခုကို ချပြလာပါတယ်။ အဲ့ဒါကတော့ “ရူးအောင်ချစ်မယ့်သူ” ရုပ်ရှင်ဇာတ်ဝင်ခန်းအတွက် လိုအပ်နေတဲ့ ပန်းချီကားကို နေတိုးကိုယ်တိုင်ဆွဲပေးခဲ့တဲ့ ဓာတ်ပုံလေးပဲဖြစ်ပြီး ထိုပုံလေးက သူမဘဝအတွက် အမှတ်တရနဲ့ မှတ်တိုင်တစ်ခုဖြစ်ခဲ့ကြောင်း ပရိသတ်တွေကို ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။

မေတိုးခိုင်ကတော့ သူမဘဝရဲ့ မှတ်မှတ်ရရတစ်ခုဖြစ်တဲ့ “ရူးအောင်ချစ်မယ့်သူ” ရုပ်ရှင်ဇာတ်ကားကြီးကို ဒီနေ့ဒီအချိန်ထိ သတိတရရှိနေကြဆဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အရမ်းကောင်းတဲ့ ဒရမ်မာဇာတ်ကားလေး “ရူးအောင်ချစ်မယ့်သူ” ရုပ်ရှင်ဇာတ်ကားကို ကြည့်ဖူးကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: May Toe Khine’s fb
Credit – Cele Connections