


Credit – Cele Zone

Photo – Sein Phyo

နေနဲ့လရွှေနဲ့မြလို လိုက်ဖက်မှုရှိနေပြီး မြင်သူတိုင်းအားကျနေရတဲ့ စုံတွဲလေးကတော့ စိန်ဖြိုးနဲ့ရီတို့ပဲ ဖြစ်ပါတယ်။ စိန်ဖြိုးက သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တဲ့ သူတစ်ယောက်ဖြစ်သလို လူအများကိုလည်းကူညီတတ်ပြီး စိတ်စေတနာကောင်းမွန်တဲ့ သူတစ်ယောက် လည်းဖြစ်ပါတယ်။ ရီရီကလည်း ချစ်စရာကောင်းတဲ့ ဇာတ်ရုပ်လေးတွေနဲ့ ပရိသတ်တွေကိုလူသိများစေခဲ့ပြီး အောင်မြင်ခဲ့တာပဲဖြစ်ပါ တယ်။

ဒါ့အပြင် ရီရီက ရိုးသားပွင့်လင်းပြီး ဖြူစင်တဲ့သူလေးတစ်ယောက်ဖြစ်လို့လည်း ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားသူတစ်ယောက်ဆိုလည်း မမှားပါဘူးနော်။ ဒါကြောင့်လည်း စိန်ဖြိုးက သူရဲ့အချစ်တွေအားလုံးကို ပေးထားပြီး စိတ်ချမ်းသာမှုတွေဖန်တီးပေးနေတာဖြစ်လို့ အားလုံးက အားကျနေရတဲ့ ဆယ်လီ စုံတွဲလေးပါ ။

ယခုမှာတော့ သူတို့ နှစ်ယောက်ရဲ့ အရေးအကြီးဆုံး အကြောင်းအရာလေး တစ်ခုကို အသိပေးထားတဲ့ ဗီဒီယိုလေး တစ်ခုကို ဖော်ပြလာပါတယ် ။ဒါကတော့ စိန်ဖြိုးက ရီရီကို စေ့စပ်လက်စွပ်လေးပေးကာ suprise လုပ်ဖြစ်ခဲ့ပုံလေးတွေပဲဖြစ်ပါတယ် ။ ဗီဒီယိုလေးထဲမှာ နှစ်ယောက်လုံး အရမ်း ချစ်စရာကောင်းပြီး အရမ် းအားကျစရာ ကောင်းတာကြောင့် ပြန်လည် ဖော်ပြပေးလိုက်ပါ တယ် ။

Credit – Cele Zone

Photo – Sein Phyo

Leave a Comment

Your email address will not be published. Required fields are marked *