crd
ပရဟိတအလုပ်တွေကို စိတ်ပါဝင်စားစွာ အားတတ်သရော လုပ်လေ့ရှိတဲ့ သရုပ်ဆောင် မော်ဒယ် ထွန်းကိုကိုဟာဆိုရင် အရင်ကတွေ့နေကြပုံစံနဲ့ လုံးဝကို ကွဲထွက်သွားတဲ့ ပုံစံအသစ်နဲ့ ပရိသတ်တွေရှေ့ကို ပထမဆုံးပြန်ပေါ်လာခဲ့တာပါ။ အရင်ကနဲ့လုံးဝကို ကွဲထွက်လွန်းတဲ့ပုံစံကြောင့် လူတော်တော် များများက လုံးဝကို ထွန်းကိုကိုမှန်း မသိတော့လောက်အောင်ကို အံ့သြသွားကြပါ တယ်။
ထွန်းကိုကိုဟာ အဓိဋ္ဌာန်တစ်ခုဝင်နေတာဖြစ်ပြီး သူ့ရဲ့ အဓိဋ္ဌာန်က သီတင်းကျွတ်လပြည့်နေ့မှာ ပြည့်တာြ ဖစ်တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ အခုလိုပဲရေးတင်ထားပါ တယ်။
“သီတင်းကျွတ် လပြည့်နေ့ မှာ ပြည့်တဲ့ အကျွတ် အလွတ် အဓိဋ္ဌာန် ကျွတ်နိုင် လွတ်နိုင်သူများ ကျွတ်ကြ လွတ်ကြပါစေ ။ ကျွတ်သင့်ကျွတ်ထိုက်သူများ ၊ လွတ်သင့်လွတ်ထိုက်သူများ အပြည့်အဝ ကျွတ်လွတ်ကြ ပါစေ။”
ထွန်းကိုကို အခုလိုပြောင်းလဲသွားတဲ့ ပုံစံက အဓိဋ္ဌာန်ကြောင့် ဖြစ်လိမ့်မယ်လို့ ယူဆထားတဲ့သူတွေ လည်းရှိကြပါတယ်။ ထွန်းကိုကိုဟာ နာရေးကူညီမှုအသင်းဦးကျော်သူရဲ့ တပည့်အရင်းတစ်ယောက်ဖြစ်ပြီး ပရဟိတလုပ်ငန်းများမှာလည်းလည်း အားတတ်သရော ပါဝင်ဆောင်ရွက်တတ်တဲ့ လူငယ်တစ်ယောက်ဖြစ်ပါ တယ်။
crd