


Source : Min Thway Khant
Credit; (Yaung Chi)

Ar-T ရဲ့ ချစ်နေဖို့ သီချင်း music Video နဲ့ ပရိသတ်တွေအားပေးမှု တခဲနက်ရရှိလာသူကတော့ မင်းသွေးခန့်ပါ ။ အနုပညာခြေလှမ်းအစနေနဲ့ MRTV-4 က ပြုလုပ်တဲ့ သရုပ်ဆောင်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အဲဒီကနေတဆင့် ပရိသတ်တွေသတိ ထားမိလာခဲ့ကြ တာဖြစ်ပါတယ် ။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေး ဖြစ်ပြီး မိန်းကလေး ပရိသတ်တွေရဲ့ နှလုံးသားကို အပိုင် ရရှိထားတဲ့ မင်းသားချောလေးပါ ။

မင်းသွေးခန့်နဲ့ သူ့ရဲ့ We Love အမာခံဖန်တွေကတော့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး သူ့ကိုအားပေးတဲ့ ဖန်လေးတွေကို Fan Name အဖြစ် Raspberries လို့အမည်ပေးထားတာဖြစ်ပါတယ် ။ လတ်တလောမှာတော့ မင်းသွေးခန့်ရဲ့ ပရိသတ်တစ်ယောက်က ဖန်တွေရဲ့ Nick Name လေးဖြစ်တဲ့ Raspberries ပုံလေးကို ရင်ဘတ်မှာ တက်တူးထို းခဲ့တဲ့အတွက် မင်းသွေးခန့်က သူက အဲ့လောက်ထိ အချစ်ခံဖို့မထိုက်တန်ေ သးပါဘူးလို့ဆိုလာပါတယ် ။

အဲ့လောက်ထိ အချစ်ခံဖို့မထိုက်တန်သေးပါဘူး အသားနာမခံပါနဲ့ အစ်ကိုလည်း ဒီထက်ပိုကြိုးစားပါမယ် စိတ်မပျက်စေရအောင် ထိန်းသွားပါမယ်ဆိုတဲ့ စာသားလေးနဲ့အတူ ပရိသတ်ရဲ့အချစ်တွေကို သူ့ရဲ့မိုင်ဒေးကနေတဆင့် ပြန်လည်တုံ့ပြန်ရေးသားခဲ့တာဖြစ်ပါတယ် ။ မင်းသွေးခန့်ကတော့ ဖန်တွေကို တကယ်ချစ်တဲ့အနုပညာရှင် တစ်ယောက်ပါပဲ ပရိသတ်ကြီးရေ .. ။

Source : Min Thway Khant
Credit; (Yaung Chi)