


Credit – Cele Zone
Photo – Khin Lay Nwe

ဆွဲဆောင်မှုအပြည့်ရှိတဲ့ ခန္ဓာကိုယ်အလှပိုင်ရှင်လေး ခင်လေးနွယ်ကတော့ ပရိသတ်တွေရဲ့ အချစ်ကိုအပြည့်အဝရရှိထားတာဖြစ်ပါတယ်။ ခင်လေးနွယ်ကိုတော့ ပရိသတ်တွေက ဗီဒီယိုဇာတ်ကားလေးတွေနဲ့စတင်ရင်းနှီးခဲ့ကြပြီး သူမရဲ့စွဲမက်ဖွယ်အလှပုံလေးတွေကြောင့် အားလုံးကြားမှာ ရေပန်းစားခဲ့တာ ဖြစ်ပါတယ်။ခင်လေးနွယ်ကတော့ ခန္ဓာကိုယ် သေးသေးသွယ်သွယ်လေး နဲ့ချစ်စရာကောင်းတဲ့ မင်းသမီးချောလေးဆိုလည်း မမှားပါဘူးနော်။

သူမရဲ့အနုပညာလှုပ်ရှားမှုတွေနဲ့အတူခရီးသွား ပုံရိပ်လေးတွေကို ပရိသတ်တွေကို အမြဲ မျှဝေပေးနေကြမင်းသမီးလေးလည်းဖြစ်ပါတယ် ။ တိုင်းရင်းသူမင်းသမီးတစ်ယောက်ဖြစ်ပြီး သူမရဲ့ အသံဝဲဝဲလေးနဲ့ စကားပြောပုံလေးတွေက ပရိသတ်တွေကို အဓိကကြွေစေခဲ့တာ လည်းဖြစ်ပါတယ်။အနုပညာအလုပ်တွေ ရပ်နားထားပေမယ့်လည်း ပရိသတ်တွေကတော့ ခုချိန်ထိ သူမကိုချစ်ခင်အာ းပေးနေဆဲပါပဲနော်။

အခုလည်း ပရိသတ်တွေလုံးဝမမြင်ဘူးသေးတဲ့ ငယ်စဉ် ၁၅ နှစ်အရွယ်ကပုံလေးတွေကို ထုတ်ပြလာတာဖြစ်ပါတယ် ။ပုံလေးတွေနဲ့အတူ “၂၀ ကျော်အရွယ်က ပုံလေး တင်ပြီးပြီဆိုတော့ ဆယ်ကျော်သက်အရွယ်ပုံလေးတွေတင်မယ်နော် ၁၅ နှစ်- ၃၉ နှစ် ရဲ့ ကွာခြားနေမှုကြီး…အသက်တာကြီးသွားတယ် ပို့စ်ပေးတာကတော့ အရင်တိုင်းပါပဲ” ဆိုတဲ့စာလေးကို လည်းဖော်ပြထားရာ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါရစေနော်။

Credit – Cele Zone
Photo – Khin Lay Nwe