


Creditး Nyein Myat Thu

ငြိမ်းမြတ်ဖြေရှင်းချင်တာလေးတစ်ခုရှိလို့ပါ အခု ပြီးခဲ့တဲ့ New Face Model International 2021 City Final Live Show ပွဲမှာ ငြိမ်းမြတ်ကို ဟားခါးကိုယ်စားပြုအလှမယ်ပေးအပ်တဲ့အကြောင်းပါ။ငြိမ်းမြတ်က ငယ်ငယ်ထဲက Modelတစ်ယောက်ဖြစ်ချင်တဲ့အိမ်မက်ရှိခဲ့တာပါ… အခုပွဲကိုလဲ သမီးဘဝရဲ့မှတ်တိုင် အနေနဲ့ ဆုလေးတစ်ခုရအောင် အစွမ်းကုန်ကြိုးစားပြီး ယှဉ်ပြိုင်ခဲ့တာပါ…။

ငြိမ်းမြတ် ကို ဟားခါးဆုပေးခဲ့တာ မှားယွင်းကြေ ငြာခဲ့တယ်ဆိုပီး စင်ပေါ်မှာပြောပါတယ်။အောက်ရောက်ရင် ပြန်လဲပေးပြီး နောက့်နေ့ organization ကနေ စာထုတ်ကြေငြာပေးပြီး ငြိမ်းမြတ်နစ်နာမူအတွက် တောင်းပန်ပေးမယ်လို့ပြောခဲ့တာပါ။တကယ်တမ်းငြိမ်းမြတ်ရတာ Special Award ပါရှင့်…ငြိမ်းမြတ်လဲဘာမှမလုပ်ရပါပဲ ငြိမ်းမြတ်ကိုအားလုံးကဝိုင်းအပြစ်တင်နေတော့ ငြိမ်းမြတ်တကယ်စိတ်မကောင်းဖြစ်ရပါတယ်😔😔….ပွဲစီစဉ်သူတွေကိုလဲအမှားမမြင်စေချင်ပါဘူးရှင့်။

ပွဲစီစဉ်သူတွေမှာလဲ အဖက်ဖက်က ဖိအားတွေနဲ့ အတူ စီစဉ်ရတာမို့လို့ လွဲချော်သွားတာကို ငြိမ်းမြတ် နားလည်ပါတယ်ဒါက☺အားလုံးရဲ့ရင်ထဲမှာအထင်လွဲမှားပြီးဆရာစိုင်းကိုကိုကိုယ် အကုန်လုံးက ဝိုင်းအပြစ်တင်ပီးဆဲဆိုနေကြတာကိုလဲသမီးစိတ်မကောင်းပါဘူး… သမီး တစ်ယောက်အတွက်နဲ့အများဆဲတာခံနေရတာပါ.. ဘယ်သူမဆို ဆဲခံရတာကို ဝမ်းသာပီတိဖြစ်ပီး ဒီလိုဘယ်လုပ်ချင်ပါ့မလဲ…😭😭အားလုံးကိုတောင်းပန်ပါတယ်ရှင့်🙏🙏။ယခုလို ဖတ်ကြားပေးကြတဲ့ ပရိတ်သတ်တွေ အားလုံးသာယာပျော်ရွှင်သောနေ့လေးတစ်နေ့ ကို ပိုင်ဆိုင်နိုင်ကြပါစေ။

Credit း Nyein Myat Thu