မြန်မာနိုင်ငံ တွင် လက်ရှိ ဖြစ်ပေါ်နေ တဲ့ လူထု လှုပ်ရှားမှု့ များတွင် ပြည်သူတွေ နဲ့ အနုပညာရှင် တစ်ချို့လည်း လမ်းပေါ် ထွက်ကာ ဆန္ဒ ထုတ်ဖော် ခဲ့ကြတာ ဖြစ်ပါတယ်။ အခု လက်ရှိ မှာတော့ လူထု လှုပ်ရှားမှု့ တွ င် ပါဝင် ကြသူ များကို ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆို အရေးယူ ထားတာကြောင့် ဘေးကင်း ရာသို့ တိမ်းရှောင် နေကြရတာ ဖြစ်ပါတယ်။ တိမ်းရှောင်နေရ သူများ ထဲတွင် ပြည်သူတွေ နဲ့ အတူ အမှန်တရား ဘက်က ရပ်တည် ခဲ့တဲ့ ကျော်ကျော်နန္ဒ တစ်ယောက်လည်း အပါ အဝင်ပဲ ဖြစ်ပါတယ်။
ပြေးလာတဲ့ အချိန်မှာ အကျႌ သုံးထည် သာ ပါလာခဲ့ ကြောင်း သူ့ရဲ့လူမှု့ ကွန်ယက် တွင် ရေးသား ခဲ့တာကြောင့် ပရိသတ် တွေက ကျော်ကျော်နန္ဒ အပေါ် ကရုဏာသက်ခဲ့ကြတာ ဖြစ်ပါတယ်။ အရင်တုန်းက ကျော်ကျော်နန္ဒ ရဲ့ ဝတ်စား ဆင်ယင်ပုံစံ တွေကို သဘောမ ကျကြသူ တွေ ရှိတာကြောင့်
အမြဲလို လို ဝေဖန်ခံ ခဲ့ရသူ ဖြစ်ပါတယ်။ သို့သော်လည်း ဖေဖော်ဝါရီလ မှ စပြီးပြည်သူတွေ နဲ့ အတူ တစ်သွေးတည်း တစ်သားတည်း ရပ်တည်ခဲ့ သူ ဖြစ်ခဲ့တာ ကြောင့် အားလုံးက ချစ်ခင်အားပေး လာကြတာ ဖြစ်ပါတယ်။
အခုလို ပရိသတ်တွေရဲ့မေတ္တာ စေတနာ တွေကြောင့် သူ့ရဲ့ဘဝလေး နွေးထွေး အေးချမ်း ပျော်ရွှင်မှု့ တွေ ရရှိလာ ကြောင်းကို မကြာသေးခင် မိနစ်ပိုင်းလောက်က ကျော်ကျော်နန္ဒ ရဲ့ လူမှု့ ကွန်ယက်တွင် ရေးသား ထားတာ ဖြစ်ပါတယ်။ ” ပရိသတ်တွေရဲ့ မေတ္တာ စေ တနာကြောင့် ကျွန်တော်လေ ဘဝလေး နွေးထွေး အေးချမ်းပျော်ရွင်မှု့ တွေရလာပါတယ်ဗျာ အားလုံး ဘေးကင်းကျန်းမာ ကြပါစေနော်” ဆိုပြီး ရေးသား ထားတာ ဖြစ်ပါ တယ်။
သူ့ရဲ့ပို့စ် အောက်မှာလည်း ကျန်းမာရေးဂရုစိုက်ဖို့ ပရိသတ်တွေက အထူးမှာ ကြားနေကြတာ ဖြစ်ပါတယ်။ တိမ်းရှောင်နေစဉ် ကာလ အတွင်းမှာလည်း ဘေးအန္တရာယ် ကင်းရှင်းပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက် ပေးလိုက် ရပါတယ်။
crd……
crd……