ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ့အခ်စ္ေတာ္ အဆိုေတာ္ X – Boxin ကေရာ သီခ်င္းေလးတစ္ပုဒ္ထပ္မံထြက္ရွိလာဖို႔ရွိတဲ့ အေၾကာင္းသူ႔ရဲ့လူမႈကြန္ရက္စာမ်က္ႏွာကေန မၽွေဝေဖာ္ျပလာခဲ့ပါတယ္။ X-Boxin ကေတာ့ ဒီရက္ပိုင္းအတြင္းမွာ သီခ်င္းေတြဆက္တိုက္ဆိုသလို ထြက္ရွိေနခဲ့ၿပီး ထြက္ရွိလာသမၽွသီခ်င္းတိုင္းကလည္း ပရိသတ္ေတြအႀကိဳက္နဲ႔ ထပ္တူက်ေနခဲ့ပါတယ္။

X-Boxin ကေတာ့ ေဖ်ာ္ေျဖေရးပြဲေတြ မရွိတဲ့ အခုလိုကာလမွာ အျပည့္အဝကိုႀကိဳးစားၿပီး ပရိသတ္ေတြအတြက္ သီခ်င္းတစ္အသစ္ေတြကို တစ္ပုဒ္ၿပီးတစ္ပုဒ္ကိုဖန္တီးေနခဲ့တာပါ။ အခက္အခဲေတြၾကားထဲကေန ပရိသတ္ေတြ မပ်င္းရေအာင္ သီခ်င္းေကာင္းေတြထြက္ရွိေအာင္ စြမ္းေဆာင္ေနခဲ့ၿပီး မၾကာခင္အခ်ိန္မွာလည္း ေနာက္ထပ္ထြက္ရွိလာမယ့္ သီခ်င္းေလးကေတာ့ အသဲကြဲသီခ်င္းေလးပါပဲတဲ့။

သီခ်င္းေလးရဲ့ နာမည္ကိုလည္း “အသည္းထပ္ကြဲရဦးမယ္” လို႔ နာမည္ေပးထားေၾကာင္းသိရွိရၿပီး အသဲကြဲသီခ်င္းေတြေရးတဲ့ ေနရာမွာ သူမတူေအာင္ စာသားေတြကို ဖန္တီးနိုင္တဲ့ ေတးေရးေတးဆို ေဝႀကီးနဲ႔အတူ ဖန္တီသြားမွာပါတဲ့။ CeleZone ပရိသတ္ႀကီးေရ ဒီသီခ်င္းေလးကေတာ့ တကယ္ကိုမွ ရင္ထဲထိတဲ့ အသဲကြဲသီခ်င္းတစ္ပုဒ္ျဖစ္လာမွာေတာ့ အေသအခ်ာပါပဲေနာ္။

Credit– CeleZone
Source – X- Boxin

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော် X – Boxin ကရော သီချင်းလေးတစ်ပုဒ်ထပ်မံထွက်ရှိလာဖို့ရှိတဲ့ အကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။ X-Boxin ကတော့ ဒီရက်ပိုင်းအတွင်းမှာ သီချင်းတွေဆက်တိုက်ဆိုသလို ထွက်ရှိနေခဲ့ပြီး ထွက်ရှိလာသမျှသီချင်းတိုင်းကလည်း ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျနေခဲ့ပါတယ်။

X-Boxin ကတော့ ဖျော်ဖြေရေးပွဲတွေ မရှိတဲ့ အခုလိုကာလမှာ အပြည့်အဝကိုကြိုးစားပြီး ပရိသတ်တွေအတွက် သီချင်းတစ်အသစ်တွေကို တစ်ပုဒ်ပြီးတစ်ပုဒ်ကိုဖန်တီးနေခဲ့တာပါ။ အခက်အခဲတွေကြားထဲကနေ ပရိသတ်တွေ မပျင်းရအောင် သီချင်းကောင်းတွေထွက်ရှိအောင် စွမ်းဆောင်နေခဲ့ပြီး မကြာခင်အချိန်မှာလည်း နောက်ထပ်ထွက်ရှိလာမယ့် သီချင်းလေးကတော့ အသဲကွဲသီချင်းလေးပါပဲတဲ့။

သီချင်းလေးရဲ့ နာမည်ကိုလည်း “အသည်းထပ်ကွဲရဦးမယ်” လို့ နာမည်ပေးထားကြောင်းသိရှိရပြီး အသဲကွဲသီချင်းတွေရေးတဲ့ နေရာမှာ သူမတူအောင် စာသားတွေကို ဖန်တီးနိုင်တဲ့ တေးရေးတေးဆို ဝေကြီးနဲ့အတူ ဖန်တီသွားမှာပါတဲ့။ CeleZone ပရိသတ်ကြီးရေ ဒီသီချင်းလေးကတော့ တကယ်ကိုမှ ရင်ထဲထိတဲ့ အသဲကွဲသီချင်းတစ်ပုဒ်ဖြစ်လာမှာတော့ အသေအချာပါပဲနော်။

Credit– CeleZone
Source – X- Boxin