


Crd- DailyStory

ပိုင်တံခွန်ကတော့ မြန်မာပရိသတ်တွေသာမကဘဲ ပြည်ပနိုင်ငံများက ပရိသတ်တွေပါ တစ်ခဲနက် ချစ်ခင်အားပေးနေရသူတစ်ယောက်လည်း ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာလည်း ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်ဆောင်ရွက်နေပြီးလူငယ်တွေနဲ့အတူ ရှေ့ဆုံးကနေကာ ကာကွယ်ရေး အဖြစ်နဲ့ ပြည်သူတွေကို ကာကွယ်ပေးနေတာကြောင့်ချီးကျူးမှုတွေ ရရှိနေပါတယ်။

ပိုင်တံခွန်ဖမ်းဆီးထိန်းသိမ်းခြင်းခံလိုက်ရပြီလို့ ကောလဟာလတွေ ထွက်ရှိခဲ့တာကြောင့် ဒီကောလဟာလတွေ အကုန်ကင်းရှင်းသွားအောင် မကြာသေးခင် နာရီပိုင်းလောက်က သူ့ရဲ့ Facebook Story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ စိုးရိမ်နေကြတဲ့ပြည်သူတွေအတွက် သူဘေးကင်းလုံခြုံမှုရှိကြောင်းအား ဗီဒီယိုဖိုင်တင်ပေးကာသက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။

သူ့ရဲ့လူမှုကွန်ရက်မှာတော့ခြေထောက်ခိုက်မိထားတာကြောင့် ဆေးကုသမှုခံယူနေရကြောင်းနဲ့ ကျွန်တော် အပြင်မှာပြည်သူတွေကို ကူညီပေးဖို့ အမြဲရှိနေပါတယ် အရင်လို ပျော်စရာအချိန်တွေ မရှိတော့တဲ့ အတွက်လဲ ဝမ်းနည်းရပါတယ်မြန်မာပြည်ကြီး သောကတွေ ကင်းဝေးပါစေ ” လို့ ဆုတောင်းစကားလေးရေးထားတာတွေ့ရပါတယ်။

Crd- DailyStory

Leave a Comment

Your email address will not be published. Required fields are marked *