


Credit…..

ပရိသတ်ကြီးရေ.. အနုပညာလောက မှာ မိန်းကလေးပရိသတ်တွေရဲ့သည်းသည်းလှုပ် အချစ်တွေကို အခိုင်အမာရရှိထားပြီး ပြည်တွင်းပရိသတ်တွေအပြင် ပြည်ပနိုင်ငံတွေအထိ အောင်မြင်ကျော်ကြားတဲ့ မော်လ်ဒယ်မင်းသားချောလေး ပိုင်တံခွန်ပဲ ဖြစ်ပါတယ်..။ ပိုင်တံခွန်ကတော့ လူထု လှုပ်ရှားမှုတွေ နဲ့ အင်တိုက် အားတိုက်နဲ့ နေတိုင်းလိုလိုပါဝင်လှုပ်ရှားနေတာတွေကြောင့် တက်ကြွရဲရင့်တဲ့လူငယ်တစ်ယောက် အဖြစ် ပရိသတ်တွေရဲ့ ချီးကျူးအားပေးမှုတွေကို ရရှိနေသူ လည်း ဖြစ်ပါတယ်နော်..။

သူ့ရဲ့ထင်ပေါ်မှုနဲ့ ကြိုးစား တော်လှန်နေမှုတွေကြောင့် တစ်ဖက် ကို မျက်စိကျစရာဖြစ်လာခဲ့ရပြီး လက်ရှိမှာတော့ ပိုင်တံခွန်ဟာ ရှောင်တိမ်းပုန်းခိုနေရကာ မိသားစုနဲ့အဆက်အသွယ်ပြတ်နေတယ်လို့ သိရပါတယ်နော်..။ အများပြည်သူတွေနဲ့အတူ ရှေ့ဆုံးကနေတက်တက်ကြွကြွ ပါဝင်လှုပ်ရှားမှုတွေ ပြုလုပ် နေသလို ရှောင်တိမ်းနေရတဲ့အချိန်မှာတော့ အဆက်အသွယ်ပြတ်သွားတာကြောင့် မိသားစုနဲ့ ပရိသတ်တွေအားလုံးကလည်း ပိုင်တံခွန်အတွက် စိုးရိမ်ပူပန်နေကြတာ လည်း တွေ့ရပါတယ်..။

“ညီမ Paing Takhonရဲ့ အစ်မပါ ပိုင်နဲ့ လွန်ခဲ့တဲ့ 1 နာရီက အဆက်သွယ်ရ ပါတယ် အခုလုံးဝဆက်သွယ်မရလို့ ညီမတို့လည်း စိတ်ပူနေပါတယ် ဘာမှ မဖြစ်ရင်တော့ အကောင်းဆုံးပါ ပိုင့်ပရိတ်သတ်တွေ အခြေနေ တခုခု သိရရင်လည်း ညီမတို့ကို ပြန်ပြောပေးပါ..” ဆိုပြီး မေချစ်သွေးက ရေးသား ပြောပြထားတာပါ..။ အဲ့ဒီ့ ပို့စ်ရဲ့အောက်မှာတော့ အနုပညာရှင်မိတ်ဆွေသူငယ်ချင်းတွေအပြင် ပရိသတ်တွေကလည်း စိုးရိမ်တကြီးနဲ့ ဆုတောင်းစကားလေးတွေနဲ့အတူ အားပေးစကာ းလေးတွေလည်း ပြောထားကြတာ ဖြစ်ပါတယ်နော်..။

Photo Credit – May Chit Thway’s Fb Acc
Credit…..

Leave a Comment

Your email address will not be published. Required fields are marked *