


Source: SEIN PHYO & YI’s fb

ပြည်သူချစ်စုံတွဲလေးဖြစ်တဲ့ ရီရီပွင့်ဖြူနဲ့ မောင်ကတော့ ချစ်သူသက်တမ်း (၇) နှစ်ကျော်တိုင် တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်စွာ လက်တွဲလာကြတာပဲ ဖြစ်ပါတယ်။ ချစ်သူသက်တမ်းကြာလာတာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက် သမီးရည်းစား ဆိုတာထက် မောင်နှမလို၊ သူငယ်ချင်းလိုရှိကြတဲ့ မောင်နဲ့ ရီရီပွင့်ဖြူတို့ နှစ်ယောက်စလုံးကို ပရိသတ်တွေကလည်း အားကျစွာနဲ့ ချစ်ကြတာပဲ ဖြစ်ပါတယ်။ မောင်နဲ့ ရီရီပွင့်ဖြူတို့က အနုပညာအလုပ်တွေကို မလုပ်ကိုင်ဖြစ်တော့ပေမယ့် Vlog လေးတွေရိုက်ကူးရင်း ပရိသတ်နဲ့ ထိတွေ့ဖို့ ကြိုးစားနေကြတာပဲ ဖြစ်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ဆေးထိုးကျီစယ်လေ့ရှိတဲ့ မောင်နဲ့ ရီရီပွင့်ဖြူတို့က ပရိသတ်တွေကို သဘောကျစေမယ့် ဗီဒီယိုလေးတွေကို မျှဝေပေးလေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ရီရီပွင့်ဖြူက အစားတွေအားရပါးရစားနေတဲ့ ဗီဒီယိုတွေကို ရိုက်ထားပြီး “နင်ကြီးပဲဆေးထို းလို့ရမလား စိန်စိန်ရဲ့၊ ဒီတစ်ခါငါ့အလှည့် ပန်ဒါ စိန်စိန် ” ဆိုပြီိး ပရိသတ်တွေအားလုံးသိအောင် အခုလိုပဲ ပြောလာပါတယ်။

ရီရီပွင့်ဖြူကတော့ သူ့ကို ပရိသတ်တွေဆီမှာ ခဏခဏဆေးထိုးတဲ့ ချစ်သူ မောင်ကို ပုလင်းကြီးချိတ်ပြီး ပြန်လည်ဆေးထိုးပေး လိုက်တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ မောင်နဲ့ ရီရီပွင့်ဖြူတို့ကို ချစ်သွားကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: SEIN PHYO & YI’s fb
Credit – Cele Connections