
“ဒီနိုင်ငံမှာကလေ လူအများစုက သာမာန် မိန်းကလေးတယောက် ဒါမှမဟုတ် ယောင်္ကျားလေးတယောက်က သူ့ထက် အဆင်ပြေတဲ့ ချမ်းသာတဲ့လူတယောက်နဲ့များ တွဲကြည့်ပါလား.. အမလေး တကယ်ချစ်တာ ဘယ်ဟုတ်ပါ့မလဲခြူစားနေတာ ပိုင်းလုံးလုပ်နေတာ အချိန်တန်ထားခဲ့ခံရမှာ ဘာညာသရကာပေါင်းစုံနဲ့ ပြောထွက်ကြတာ။ သူတို့ပြောတဲ့ အချစ်ဆို တာမျိုးက နိမ့်ကျတဲ့သူနဲ့တွဲမှ တကယ့်အချစ်စစ် အဆင်ပြေတဲ့သူနဲ့တွဲမိရင် ပိုင်းလုံးခြူစား ချစ်ခြင်းမေတ္တာဆိုတာက ဘယ်လိုအခြေအနေ အဆင့်အတန်း အသက်အရွယ်မှာမဆို ပေါ်တတ်တာပဲမလား ဘာထူးဆန်းလို့လဲလေနော် မသိရင် သူတို့ယူရမယ့်သူအတိုင်းပဲ သူတို့ကအကုန်သိသလိုဝိုင်းဝေဖန်နေကြတာသူတို့ကပဲ တအိမ်ထဲေ နကြသလိုလို အကုန်သိ အဲ့ဒါဘာလဲ သိလား? မုဒိတာမပွားနိုင်တာ။


crd

နာမည်ကြီးသရုပ်ဆောင်တစ်ယောက်ဖြစ်သလို အဆိုတော်တစ်ယောက် လည်းဖြစ်တဲ့ မြတ်သူသူကတော့ သူမရဲ့ ကြိုးစားအားထုတ်မှုနဲ့ မလျော့သောဇွဲလုံ့လတို့ကြောင့် တစ်နေ့တစ်ခြားအောင်မြင်လာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဟန်ဆောင်မှုမရှိ ပွင့်ပွင့်လင်းလင်းနေတတ်တဲ့မြတ်သူသူက မဟုတ်မမှန်တာတွေ့ရင် ဖွင့်ပြော တတ်သူဖြစ်ပြီး ဒီတစ်ခေါက်မှာလည်း မြတ်သူသူက ငွေကြေးပိုင်ဆိုင်မှုခြင်းမတူညီတဲ့လူနှစ်ယောက် ချစ်ကြိုက်မိရင် ဒီနိုင်ငံမှာ အပြောအဆိုမလွတ်ကြောင်းကို အခုလိုပဲ ပြောပြလာပါ တယ်။

“ဒီနိုင်ငံမှာကလေ လူအများစုက သာမာန် မိန်းကလေးတယောက် ဒါမှမဟုတ် ယောကျင်္ားလေးတယောက်က သူ့ထက် အဆင်ပြေတဲ့ ချမ်းသာတဲ့လူတယောက်နဲ့များ တွဲကြည့်ပါလား.. အမလေး တကယ်ချစ်တာ ဘယ်ဟုတ်ပါ့မလဲခြူစားနေတာ ပိုင်းလုံးလုပ်နေတာ အချိန်တန်ထားခဲ့ခံရမှာ ဘာညာသရကာပေါင်းစုံနဲ့ ပြောထွက်ကြတာ။ သူတို့ပြောတဲ့ အချစ်ဆို တာမျိုးက နိမ့်ကျတဲ့သူနဲ့တွဲမှ တကယ့်အချစ်စစ် အဆင်ပြေတဲ့သူနဲ့တွဲမိရင် ပိုင်းလုံးခြူစား ချစ်ခြင်းမေတ္တာဆိုတာက ဘယ်လိုအခြေအနေ အဆင့်အတန်း အသက်အရွယ်မှာမဆို ပေါ်တတ်တာပဲမလား ဘာထူးဆန်းလို့လဲလေနော် မသိရင် သူတို့ယူရမယ့်သူအတိုင်းပဲ သူတို့ကအကုန်သိသလိုဝိုင်းဝေဖန်နေကြတာ သူတို့ကပဲ တအိမ်ထဲနေကြသလိုလို အကုန်သိ အဲ့ဒါဘာလဲ သိလား? မုဒိတာမပွားနိုင်တာ။

အဆင်မပြေနိမ့်ကျနေရင်သာ သနားပါတယ်ဟယ်ဆိုပြီးပြောထွက်သေးပေမယ့် အဆင်ပြေလာရင် မနာလို မရှုစိမ့် မုဒိတာမပွားနိုင်တဲ့ သေးသိမ်တဲ့ စိတ်တွေ ပေါ်လာတာပဲ ။ ရှက်တတ်ကြစမ်းပါ လူတိုင်းက သူ့အကျိုးပေးနဲ့သူပဲကို မြင်တွေ့နေရတာ အဆင်ပြေမနေဘူး ကိုယ့်စိတ်ထားအတိုင်း ကိုယ့်ကံက အကျိုးပေးသွားမှာ ” ဆိုပြီး ပြောလာပါတယ်။မြတ်သူသူကတော့ ချီးကျူး (၇) ရက်၊ ကဲ့ရဲ့ (၇) ရက်ဆိုတဲ့ စကားအတိုင်း ဒီနိုင်ငံမှာ ကိုယ့်ထက်ချမ်းသာတဲ့သူနဲ့ ချစ်ကြိုက်မိရင် အပြောအဆိုမလွတ်ကြောင်း ပြောပြလာ တာပဲဖြစ် ပါတယ်။

Source: Myat Thu Thu-မြတ်သူသူ ‘s fb
crd

Leave a Comment

Your email address will not be published. Required fields are marked *