မကြာသေးခင် ရက်ပိုင်းက အကျဉ်းထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်လာသူထဲတွင် မိတ်ကပ်ဖန်တီးပညာရှင် မေဦးမောင်(တော်ဝင်သူ) လည်း ပါဝင်ခဲ့ပါတယ်။ သူဟာ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရပြီး အာဏာရှင်လူတစ်စု ကျင်းပတဲ့ ပွဲတစ်ခုသို့ သွားခဲ့တဲ့ ဓာတ်ပုံတွေ လူမှုကွန်ယက်တွင် တက်လာခဲ့တာကြောင့်ပရိသတ်တွေရဲ့ ဝေဖန်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်က မေဦးမောင်ရဲ့ Facebook အကောင့်တွင် ပုဒ်မ ၅၀၅(က) ရုတ်သိမ်းရန် ခံဝန်ကတိထိုးဖို့ကြိုးစားခဲ့တဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်တစ်ခုကို ဖွင့်ဟဝန်ခံ လာတာ ဖြစ်ပါတယ်။

သူ့အနေဖြင့် ချစ်ရတဲ့ သားသမီးတွေနဲ့အတူ အလုပ်နဲ့ခရီးတိုလေးတွေ သွားခွင့်မရတော့မှာကို အချိန်တစ်ခုမှာစိုးရိမ်ပူပန်ခဲ့ပါတယ်။ အနုပညာရှင်ခြင်းတူပေမယ့် အသက်မွေးဝမ်းကြောင်းပုံစံခြင်းမတူတဲ့အတွက် သူ့ကို မှီခိုနေရတဲ့ အမြဲတမ်း ဝန်ထမ်း (၂၀) ကျော်နဲ့ အချိန်ပိုင်းဝန်ထမ်းတွေရဲ့ စားဝတ်နေရေးအတွက် ခံဝန်ကတိထိုးဖို့ ကြိုးစားခဲ့ကြောင်း ရိုးသားစွာ ရေးသားပြောပြလာတာ ဖြစ်ပါတယ်။အသက်အရွယ်အရ (၄၀) ကျော်ပြီဖြစ်တာကြောင့် ဘဝအသစ်စဖို့ မလွယ်ကူတော့တဲ့ အပြင် မိခင်ဖြစ်သူကို ထောက်ပံ့နေရတဲ့အတွက် အခုလို လက်မှတ်ထိုးခဲ့ရတာ ဖြစ်ပါတယ်။ သူ့ရဲ့အကြောင်းတွေကို ရည်ရွယ်ချက်ရှိရှိ သတင်းလွှင့်ခဲ့တဲ့သူတွေအကြောင်းကိုလည်း အခုလို ရေးသားပြော ပြလာတာ ဖြစ်ပါတယ်။

” လူတိုင်းဟာဘဝတွေဖြစ်တည်မှုတွေမတူတော့အတွေးတွေလုပ်နည်းကိုင်နည်းတွေမတူလို့ ကျွန်မဟာဘယ်တော့မှာအမြင်မတူရင်အတွေးမတူရင်ဘယ်သူကိုမှာမဝေဖန်ပဲစောင့်ကြည့်လေ့လာအမြဲအကဲခတ်လေ့ရှိတယ်။နောက်ပိုင်းအားလုံးတည်ငြိမ်တဲ့အခါကျွန်မဖြစ်ခဲ့တဲ့၅၀၅(က)ထုတ်ပြန်ပြီးနောက်ပိုင်းလူတွေရဲ့ဆက်ဆံမှု၊ ဓါတ်ပုံကိုရအောင်ရိုက်ပြီးရည်ရွှယ်ချက်ရှိရှိပြန့်နှံအောင်လုပ်ခဲ့တဲ့ကျွန်မတို့လောကကလူတစ်ဦးနဲ့အမျိုးသမီးတစ်ယောက်ရဲ့လုပ်ရပ်၊ ဖြစ်ပျက်လာတဲ့ပြသာနာအပေါ်ကျွန်မရဲ့စိတ်ခံစားမှုကိုတည်ငြိမ်အောင်ထားပြီးသွေးအေးအေးနဲ့ဆုံးဖြတ် အဖမ်းခံခဲ့ပုံ၊

ထောင်တွင်းအတွေ့အကြုံတွေကိုအလျှင်းသင့်သလိုရေးသားမယ်လို့စိတ်ကူးထားတယ်တစ်ချိန်ပေါ့၊အခုအချိန်ကတော့အထိအခိုက်မခံတဲ့အချိန်မို့ဆင်ခြင်သင့်တယ်ထင်လို့ခဏလောက်တော့စောင့်ဦးမယ်။ ကျွန်မအပေါ်နားလည်နိုင်ကျမယ်လို့မျော်လင့်မိပါတယ်🙏🙏🙏” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ပရိသတ်များကလည်း မေဦးမောင်ရဲ့ လုပ်ရက်တွေအပေါ် နားလည်ကြောင်းနဲ့ အစစအရာရာ အဆင်ပြေအောင် နေထိုင်ဖို့ကိုလည်းအားပေးစကားများရေးသားထားတာကို သူ့ပို့စ်အောက်တွင် မြင်တွေ့ရပါတယ်။ မေဦးမောင် ခံဝန်ကတိထိုးလိုက်ရတဲ့ အကြောင်းရင်းကို ပရိသတ်တွေ သိရှိစေဖို့ အတွက် ဒီသတင်းကို တင်ဆက်ပေးလိုက်ရပါတယ်။

Source and Photo Crd-May Oo Maung’s Facebook Account
crd :MM LOad

မၾကာေသးခင္ ရက္ပိုင္းက အက်ဥ္းေထာင္အသီးသီးမွ ျပန္လည္လြတ္ေျမာက္လာသူထဲတြင္ မိတ္ကပ္ဖန္တီးပညာရွင္ ေမဦးေမာင္(ေတာ္ဝင္သူ) လည္း ပါဝင္ခဲ့ပါတယ္။ သူဟာ ပုဒ္မ ၅၀၅(က) ျဖင့္ တရားစြဲဆိုခံထားရၿပီး အာဏာရွင္လူတစ္စု က်င္းပတဲ့ ပြဲတစ္ခုသို႔ သြားခဲ့တဲ့ ဓာတ္ပုံေတြ လူမႈကြန္ယက္တြင္ တက္လာခဲ့တာေၾကာင့္ပရိသတ္ေတြရဲ့ ေဝဖန္ျခင္းကို ခံခဲ့ရတာ ျဖစ္ပါတယ္။ မၾကာေသးခင္ နာရီပိုင္းေလာက္က ေမဦးေမာင္ရဲ့ Facebook အေကာင့္တြင္ ပုဒ္မ ၅၀၅(က) ႐ုတ္သိမ္းရန္ ခံဝန္ကတိထိုးဖို႔ႀကိဳးစားခဲ့တဲ့ ေနာက္ကြယ္က ျဖစ္ရပ္မွန္တစ္ခုကို ဖြင့္ဟဝန္ ခံလာတာ ျဖစ္ပါတယ္။

သူ႔အေနျဖင့္ ခ်စ္ရတဲ့ သားသမီးေတြနဲ႔အတူ အလုပ္နဲ႔ခရီးတိုေလးေတြ သြားခြင့္မရေတာ့မွာကို အခ်ိန္တစ္ခုမွာစိုးရိမ္ပူပန္ခဲ့ပါတယ္။ အႏုပညာရွင္ျခင္းတူေပမယ့္ အသက္ေမြးဝမ္းေၾကာင္းပုံစံျခင္းမတူတဲ့အတြက္ သူ႔ကို မွီခိုေနရတဲ့ အျမဲတမ္း ဝန္ထမ္း (၂၀) ေက်ာ္နဲ႔ အခ်ိန္ပိုင္းဝန္ထမ္းေတြရဲ့ စားဝတ္ေနေရးအတြက္ ခံဝန္ကတိထိုးဖို႔ ႀကိဳးစားခဲ့ေၾကာင္း ရိုးသားစြာ ေရးသားေျပာျပလာတာ ျဖစ္ပါတယ္။အသက္အရြယ္အရ (၄၀) ေက်ာ္ၿပီျဖစ္တာေၾကာင့္ ဘဝအသစ္စဖို႔ မလြယ္ကူေတာ့တဲ့ အျပင္ မိခင္ျဖစ္သူကို ေထာက္ပံ့ေနရတဲ့အတြက္ အခုလို လက္မွတ္ထိုးခဲ့ရတာ ျဖစ္ပါတယ္။ သူ႔ရဲ့အေၾကာင္းေတြကို ရည္ရြယ္ခ်က္ရွိရွိ သတင္းလႊင့္ခဲ့တဲ့သူေတြအေၾကာင္းကိုလည္း အခုလို ေရးသားေျပာျပလာတာ ျဖစ္ပါတယ္။

” လူတိုင္းဟာဘဝေတြျဖစ္တည္မႈေတြမတူေတာ့အေတြးေတြလုပ္နည္းကိုင္နည္းေတြမတူလို႔ ကၽြန္မဟာဘယ္ေတာ့မွာအျမင္မတူရင္အေတြးမတူရင္ဘယ္သူကိုမွာမေဝဖန္ပဲေစာင့္ၾကည့္ေလ့လာအျမဲအကဲခတ္ေလ့ရွိတယ္။ေနာက္ပိုင္းအားလုံးတည္ၿငိမ္တဲ့အခါကၽြန္မျဖစ္ခဲ့တဲ့၅၀၅(က)ထုတ္ျပန္ၿပီးေနာက္ပိုင္းလူေတြရဲ့ဆက္ဆံမႈ၊ ဓါတ္ပုံကိုရေအာင္ရိုက္ၿပီးရည္ရႊယ္ခ်က္ရွိရွိျပန႔္ႏွံေအာင္လုပ္ခဲ့တဲ့ကၽြန္မတို႔ေလာကကလူတစ္ဦးနဲ႔အမ်ိဳးသမီးတစ္ေယာက္ရဲ့လုပ္ရပ္၊ ျဖစ္ပ်က္လာတဲ့ျပသာနာအေပၚကၽြန္မရဲ့စိတ္ခံစားမႈကိုတည္ၿငိမ္ေအာင္ထားၿပီးေသြးေအးေအးနဲ႔ဆုံးျဖတ္ အဖမ္းခံခဲ့ပုံ၊

ေထာင္တြင္းအေတြ႕အၾကဳံေတြကိုအလၽွင္းသင့္သလိုေရးသားမယ္လို႔စိတ္ကူးထားတယ္တစ္ခ်ိန္ေပါ့၊အခုအခ်ိန္ကေတာ့အထိအခိုက္မခံတဲ့အခ်ိန္မို႔ဆင္ျခင္သင့္တယ္ထင္လို႔ခဏေလာက္ေတာ့ေစာင့္ဦးမယ္။ ကၽြန္မအေပၚနားလည္နိုင္က်မယ္လို႔ေမ်ာ္လင့္မိပါတယ္🙏🙏🙏” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္။ပရိသတ္မ်ားကလည္း ေမဦးေမာင္ရဲ့ လုပ္ရက္ေတြအေပၚ နားလည္ေၾကာင္းနဲ႔ အစစအရာရာ အဆင္ေျပေအာင္ ေနထိုင္ဖို႔ကိုလည္းအားေပးစကားမ်ားေရးသားထားတာကို သူ႔ပို႔စ္ေအာက္တြင္ ျမင္ေတြ႕ရပါတယ္။ ေမဦးေမာင္ ခံဝန္ကတိထိုးလိုက္ရတဲ့ အေၾကာင္းရင္းကို ပရိသတ္ေတြ သိရွိေစဖို႔အတြက္ ဒီသတင္းကို တင္ဆက္ေပး လိုက္ရပါတယ္။

Source and Photo Crd-May Oo Maung’s Facebook Account
crd :MM LOad