


Source: Nay Ye
Credit – CeleKhitThit

ပရိသတ်ကြီးရေ သဇင်ထူးမြင့်နဲ့ နေရဲတို့နှစ်ယောက် ကတော့ ဇာတ်ပို့ဟာသသရုပ်ဆောင် ခင်လှိုင်ရဲ့ သားသမီးတွေဖြစ်ပါတယ်။ နေရဲကတော့ ​အခုဆိုရင်ရုပ်ရှင်ဇာတ်ကားကြီးတွေပါရိုက်ကူးနေပြီဖြစ်တာတွေ့ရပါတယ်။

သရုပ်ဆောင်တစ်ယောက် အဖြစ် ရပ်တည်နေပေမယ့် အဆိုပိုင်းကိုလည်း ဝါသနာပါတဲ့နေရဲကတော့ အဖေဖြစ်သူ ခင်လှိုင်ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီးရိုက်ကူးခဲ့တဲ့ချိုးရုပ်ဇာတ်ကားကြီးမှာလည်း ဇာတ်ဝင်သီချင်းကို နေရဲသီဆို ခဲ့တာပဲ ဖြစ်ပါတယ်။ဒါ့အပြင် မိန်းကလေးပရိသတ်တွေမက ယောကျာ်းလေး ပရိသတ်တွေရဲ့အားပေးဝန်းရံခံရသူပါ။

လက်ရှိမှာလည်း ​နေရဲကေ တာ့သူ့ရဲ့ရှူတင်ရိုက်ကွင်းပုံရိပ်တွေကို” Today MV Shooting 🎬
ချစ်စရာ ညီမလေး Hillary Soe နဲ့ ချစ်စရာ အကိုတွေနဲ့ ”ဆိုတဲ့စာလေးနဲ့ ရိုက်ကွင်းပုံရိပ်တွေကိုနင်လာခဲ့တာပါ။ ယောကျာ်းထုကြီးရဲ့အသည်းကျော် ဆရာဝန်မလောင်းလေး Hillary Soe နဲ့ အတူတူရိုက်ကူးထားတဲ့ Music videoလေးထွက်လာရင်နေရဲကိုအားပေးဖို့အသင့်ပဲလား ပရိသတ်ကြီး ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Nay Ye
Credit – CeleKhitThit