တစ္ေယာက္တည္းႀကိဳးစား႐ုန္းကန္ၿပီးေနာက္မွာေတာ့ အႏုပညာလမ္းေၾကာင္းေပၚမွာ ေနရာတစ္ေနရာအပိုင္အနိုင္ရေနၿပီျဖစ္တဲ့ ေမပန္းခ်ီဟာ ဖခင္ရဲ့ရြာကိုသြားလည္ၿပီး မိသားစုေတြနဲ႔ ေႏြးေထြးခဲ့တဲ့အခိုက္အတန႔္က အမွတ္တရပုံေလးေတြကို သူမရဲ့လူမႈကြန္ရက္ မွာ ေဝမၽွခဲ့ပါတယ္။ သေဘာေကာင္းၿပီးပြင့္လင္းလြန္းတာေၾကာင့္ သူမရဲ့ပရိသတ္ေတြကလည္း သူမကိုအရမ္းခ်စ္ခင္အားေပးၾကပါ တယ္။

တစ္တုတ္ေလးလို႔ ပရိသတ္ေတြကခ်စ္စနိုးေခၚၾကတဲ့အေပၚမွာ သူမကလည္းေက်နပ္ၿပီး သူမကိုယ္သူမလည္း တစ္တုတ္ဆိုၿပီး နာမ္စားသုံးေလ့ရွိပါတယ္။ မိဘေတြနဲ႔ပုံကို လူမႈကြန္ရက္မွာ သိပ္တင္ေလ့မရွိေပမယ့္ ဒီတစ္ေခါက္မွာေတာ့ ေဖေဖနဲ႔အတူ ေပါ့ေပါ့ပါးပါး ရယ္ေမာေနတဲ့ပုံေလးေတြကို ေဝမၽွခဲ့ပါတယ္။

အမွတ္တရေလးေတြကို ” အေဖတူသမီးပါ ရြာမွာ ကၽြန္မအေဖက အခုထိေဂၚလီပဲ ပုဆိုးဝတ္ထားတာကိုရွိုး ” ဆိုၿပီး တင္ထားခဲ့ၿပီး ေနာက္ ပရိသတ္ေတြကလည္း သူမတို႔ သားအဖႏွစ္ေယာက္ရဲ့ပုံေလးေတြကိုၾကည့္ၿပီး ခ်စ္စရာေကာင္းတဲ့မွတ္ခ်က္ေတြ အမ်ားအျပားေပးခဲ့ၾကပါတယ္။

Credit – Cele Zone
Photo – May Panche

တစ်ယောက်တည်းကြိုးစားရုန်းကန်ပြီးနောက်မှာတော့ အနုပညာလမ်းကြောင်းပေါ်မှာ နေရာတစ်နေရာအပိုင်အနိုင်ရနေပြီဖြစ်တဲ့ မေပန်းချီဟာ ဖခင်ရဲ့ရွာကိုသွားလည်ပြီး မိသားစုတွေနဲ့ နွေးထွေးခဲ့တဲ့အခိုက်အတန့်က အမှတ်တရပုံလေးတွေကို သူမရဲ့လူမှုကွန်ရက် မှာ ဝေမျှခဲ့ပါတယ်။ သဘောကောင်းပြီးပွင့်လင်းလွန်းတာကြောင့် သူမရဲ့ပရိသတ်တွေကလည်း သူမကိုအရမ်းချစ်ခင်အားပေးကြပါ တယ်။

တစ်တုတ်လေးလို့ ပရိသတ်တွေကချစ်စနိုးခေါ်ကြတဲ့အပေါ်မှာ သူမကလည်းကျေနပ်ပြီး သူမကိုယ်သူမလည်း တစ်တုတ်ဆိုပြီး နာမ်စားသုံးလေ့ရှိပါတယ်။ မိဘတွေနဲ့ပုံကို လူမှုကွန်ရက်မှာ သိပ်တင်လေ့မရှိပေမယ့် ဒီတစ်ခေါက်မှာတော့ ဖေဖေနဲ့အတူ ပေါ့ပေါ့ပါးပါး ရယ်မောနေတဲ့ပုံလေးတွေကို ဝေမျှခဲ့ပါတယ်။

အမှတ်တရလေးတွေကို ” အဖေတူသမီးပါ ရွာမှာ ကျွန်မအဖေက အခုထိဂေါ်လီပဲ ပုဆိုးဝတ်ထားတာကိုရှိုး ” ဆိုပြီး တင်ထားခဲ့ပြီး နောက် ပရိသတ်တွေကလည်း သူမတို့ သားအဖနှစ်ယောက်ရဲ့ပုံလေးတွေကိုကြည့်ပြီး ချစ်စရာကောင်းတဲ့မှတ်ချက်တွေ အများအပြားပေးခဲ့ကြပါတယ်။

Credit – Cele Zone
Photo – May Panche