ပရိသတ်ကြီးရေ…… အဆိုတော်တစ်ဦးဖြစ်တဲ့ ပိုပိုဟာဆိုရင် ချိုမြိန်ထိရှတဲ့ အချစ်သီချင်းတွေကို ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုခဲ့တာကြောင့်ပရိတ်တွေရဲ့အားပေးချစ်ခင်မှုကိုအပြည့်အဝရရှိထားသူတစ်ယောက်ဖြစ်ပါတယ်နော်။နွေဦးတော်လှန်ရေးမှာလည်း သူမဟာတက်နိုင်တဲ့ဘက်ကလဲပါဝင်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။အဆိုတော်ပိုပိုဟာ ဧပြီလ (၁၅)ရက်နေ့က ပုဒ်မ (၅၀၅) (က) နဲ့ ညနေ (၃)နာရီခန့် ကဖမ်းဆီးခံလိုက်ရပါတယ်…..။

ဖမ်းဆီး ခံထားရတဲ့ ပိုပိုဟာ လက်ရှိမှာတော့ အင်းစိန် အကျဉ်းထောင်မှာရှိနေပြီး ဖမ်းဆီးခံရစဉ်က သိမ်းယူခံထားရတဲ့ သက်သေခံ ပစ္စည်းတွေထဲမှာ ပိုပို ရဲ့ဖုန်းလည်းပါဝင်ခဲ့ပါတယ်။ ဒီနေ့မှာတော့ သူမရဲ့လူမှုကွန်ယက်ကနေ ” bay Park ” ဆိုတဲ့ Youtube Video တစ်ခုကို Post တင်ထား ခဲ့ပါတယ်။ ဖမ်းဆီးခံထားရသူ တစ်ယောက်အနေနဲ့ အကျဉ်းထောင်ထဲမှာ ဖုန်းသုံးလို့မရနိုင်တာမို့ အဆိုတော်ပိုပို ရဲ့ဖုန်းကို တစ်ယောက်ယောက်က ဝင်ရောက်အသုံးပြုနေပြီလို့ ပရိသတ်တွေက မှတ်ချက်ပေးခဲ့ကြပါတယ်….။

ပိုပို ရဲ့ ဖေ့ဘွတ်အကောင့်ကို Report ထုဖို့ ပြောသူတွေ ရှိသလို ဖုန်းကို ဝင်ရောက်အသုံးပြုသူကိုလည်း ဒီလိုလုပ်ရပ်မလုပ် ဖို့လည်းပြောနေခဲ့ကြပါတယ်။အဆိုတော် ပိုပိုဟာ လက်ရှိမှာထိန်းသိမ်းခံထားရသူဖြစ်တာကြောင့် သူမရဲ့ဖုန်းကို တစ်ယောက် ယောက်က ဝင်ရောက် အသုံးပြုပြီး အခုလို Post တင်ခဲ့တာဖြစ်နိုင်ပါတယ်။ ဘယ်နေရာမှာပဲရောက်ရောက် ဘေးကင်းပြီးလုံခြုံဖို့အတွက် သူမရဲ့ပရိသတ်တွေက ဆုတောင်းပေးနေကြပါတယ်။ အသံချိုချိုလေးနဲ့ အချစ်သီချင်းတွေ ပရိသတ်တွေအတွက် ဖျော်ဖြေခဲ့တဲ့နိုင်ငံကျော် အဆိုတော်ပိိုပို ဘေးအန္တရယ်ကင်းပြီး အပြစ်ဒဏ် လျော့ပြီးအမြန်ဆုံး လွတ်လာပါစေလို့ ပရိသတ်တွေနဲ့ ထပ်တူဆုတောင်းပေးလိုက်ပါတယ်နော်….။

Photo Credit – Po Po’s FB Acc
Credit…..

ပရိသတ္ႀကီးေရ…… အဆိုေတာ္တစ္ဦးျဖစ္တဲ့ ပိုပိုဟာဆိုရင္ ခ်ိဳၿမိန္ထိရွတဲ့ အခ်စ္သီခ်င္းေတြကို ကိုယ္တိုင္ေရး ကိုယ္တိုင္သီဆိုခဲ့တာေၾကာင့္ပရိတ္ေတြရဲ့အားေပးခ်စ္ခင္မႈကိုအျပည့္အဝရရွိထားသူတစ္ေယာက္ျဖစ္ပါတယ္ေနာ္။ေႏြဦးေတာ္လွန္ေရးမွာလည္း သူမဟာတက္နိုင္တဲ့ဘက္ကလဲပါဝင္ခဲ့တဲ့သူတစ္ေယာက္ျဖစ္ပါတယ္။အဆိုေတာ္ပိုပိုဟာ ဧၿပီလ (၁၅)ရက္ေန႔က ပုဒ္မ (၅၀၅) (က) နဲ႔ ညေန (၃)နာရီခန႔္ ကဖမ္းဆီးခံလိုက္ရပါတယ္…..။

ဖမ္းဆီး ခံထားရတဲ့ ပိုပိုဟာ လက္ရွိမွာေတာ့ အင္းစိန္ အက်ဥ္းေထာင္မွာရွိေနၿပီး ဖမ္းဆီးခံရစဥ္က သိမ္းယူခံထားရတဲ့ သက္ေသခံ ပစၥည္းေတြထဲမွာ ပိုပို ရဲ့ဖုန္းလည္းပါဝင္ခဲ့ပါတယ္။ ဒီေန႔မွာေတာ့ သူမရဲ့လူမႈကြန္ယက္ကေန ” bay Park ” ဆိုတဲ့ Youtube Video တစ္ခုကို Post တင္ထား ခဲ့ပါတယ္။ ဖမ္းဆီးခံထားရသူ တစ္ေယာက္အေနနဲ႔ အက်ဥ္းေထာင္ထဲမွာ ဖုန္းသုံးလို႔မရနိုင္တာမို႔ အဆိုေတာ္ပိုပို ရဲ့ဖုန္းကို တစ္ေယာက္ေယာက္က ဝင္ေရာက္အသုံးျပဳေနၿပီလို႔ ပရိသတ္ေတြက မွတ္ခ်က္ေပးခဲ့ၾကပါတယ္….။

ပိုပို ရဲ့ ေဖ့ဘြတ္အေကာင့္ကို Report ထုဖို႔ ေျပာသူေတြ ရွိသလို ဖုန္းကို ဝင္ေရာက္အသုံးျပဳသူကိုလည္း ဒီလိုလုပ္ရပ္မလုပ္ ဖို႔လည္းေျပာေနခဲ့ၾကပါတယ္။အဆိုေတာ္ ပိုပိုဟာ လက္ရွိမွာထိန္းသိမ္းခံထားရသူျဖစ္တာေၾကာင့္ သူမရဲ့ဖုန္းကို တစ္ေယာက္ ေယာက္က ဝင္ေရာက္ အသုံးျပဳၿပီး အခုလို Post တင္ခဲ့တာျဖစ္နိုင္ပါတယ္။ ဘယ္ေနရာမွာပဲေရာက္ေရာက္ ေဘးကင္းၿပီးလုံျခဳံဖို႔အတြက္ သူမရဲ့ပရိသတ္ေတြက ဆုေတာင္းေပးေနၾကပါတယ္။ အသံခ်ိဳခ်ိဳေလးနဲ႔ အခ်စ္သီခ်င္းေတြ ပရိသတ္ေတြအတြက္ ေဖ်ာ္ေျဖခဲ့တဲ့နိုင္ငံေက်ာ္ အဆိုေတာ္ပိိုပို ေဘးအႏၲရယ္ကင္းၿပီး အျပစ္ဒဏ္ ေလ်ာ့ၿပီးအျမန္ဆုံး လြတ္လာပါေစလို႔ ပရိသတ္ေတြနဲ႔ ထပ္တူဆုေတာင္းေပးလိုက္ပါတယ္ေနာ္….။

Photo Credit – Po Po’s FB Acc
Credit…..