ပရိတ်သတ်ကြီရေ….ဖေ့စ်ဘုတ်ဆယ်လီ ကျော်ကျော်နန္ဒကတော့နွေဦး တော်လှန်ရေးတိုက်ပွဲကြီးမှာ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေပြုလုပ်ပြီး ပြည်သူတွေနဲ့အတူ အရေးတော်ပုံကြီး အောင်မြင်ဖို့အတွက် တစ်ထောင့် တစ်နေရာကနေ ပါဝင်အားဖြည့်ခဲ့သူပဲ ဖြစ်ပါတယ်..။တတ်နိုင်သလောက် အင်တိုက်အားတိုက်ပါဝင်ခဲ့တဲ့ ကျော်ကျော်နန္ဒကတော့ ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခံထားရတာကြောင့် လတ်တလောမှာ ရှောင်ပုန်းနေရပြီး နေရေးစားရေးအခက်အခဲတွေနဲ့ ကြုံတွေ့နေရကာ အကူအညီတွေ တောင်းခံလာ ပါတယ်..
“ရှောင်ပုန်းနေရတဲ့ဘဝမှာ နေစရာစားစရာ ခက်ခဲ့လာတယ်ဗျာ တကယ်ကူညီချင်တဲ့သူတွေရှိမှာပါ Wave money- 09400400010
KBZ pay – 09788880070 KBZ Account No- 21430199911580301..” ဆိုပြီး ရေးသားအကူအညီတောင်း ပြောပြထားတာ ဖြစ်ပါတယ်..။အဲ့ဒီပို့စ်အောက်မှာတော့ ကျော်ကျော်နန္ဒက အခပ်အခဲဖြစ်နေလို့ သူကိုယ်တိုင်အကူအညီတောင်းထားတာဖြစ်ပြီး Acc အဟက်ခံရတာ မဟုတ်တဲ့အကြောင်းနဲ့ ကျေးဇူးတင်စကားကိုလည်း ဆိုထား ပါသေးတယ်..။
ပြည်သူပရိသတ်တွေကလည်း အရင်ကတော့ ကျော်ကျော်နန္ဒကို ဝေဖန်အပြစ်တင်ပြောဆိုကြပေမယ့် အချိန်မှာ အားပေးဝန်းရံပေးပြီး တတ်နိုင်သလောက် ကူညီနေကြတာကိုလည်း တွေ့ရပါတယ်..။ကျော်ကျော်နန္ဒကတော့ အခုလိုဒုက္ခရောက်ပြီး အကူအညီလိုအပ်နေတဲ့အချိန်မှာ ကူညီပေးကြသူတွေငို သူလွတ်မြောက်လာတဲ့တစ်နေ့ကျရင် Fb Page ကနေ Live လွှင့်ပေးသွားမယ်ဆိုပြီးတော့လည်း ပြောပြထားပါတယ်..။ဖတ်ရှုပေတဲ့ ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။
Source: Kknd-L ကျော်ကျော်နန္ဒ Fb Page
Credit ; MMLoad
Credit ; MMLoad