Credit – Cele Zone
Photo – Aye Thaung
မိန်းမတို့ဘုန်းဆံထုံးဆိုသလို မအေးသောင်းဟာ သူမရဲ့ဆံပင်တွေကိုတန်ဖိုးထားပြီး မြတ်နိုးသူ တစ်ယောက်ပါ။ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်က ရိုက်လက်စဇာတ်ကားဟာ ကပ်ရောဂါဆိုးကြီးကြောင့် ရပ်နားထားရပြီး အခုချိန်မှာပြန်လည်ရိုက်ကူးတော့မှာမို့ ဇာတ်ကားထဲက ဆံပင်ပုံစံအတိုင်းဖြစ်အောင် တစ်နှစ်ကျော်အတွင်းရှည်လာခဲ့တဲ့ ဆံပင်တွေကို ပြန်ပြီးညှပ်ပစ်ရတော့မှာပါ။
တမြတ်တနိုးထားခဲ့တဲ့ ဆံပင်လေးတွေကိုအခုလိုညှပ်ပစ်ရတော့မှာမို့ သူမကအတော် လေးကို စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ အနုပညာရှင်တွေဟာ သဏ္ဍန်လုပ်သရုပ်တူပြီး ဆေးစက်ကျရာအရုပ်ထင်ရသူတွေမို့ ကိုယ်တာဝန်ယူထားတဲ့ဇာတ်ကောင်နဲ့ ပတ်သက်ပြီး အပြည့်အဝတာဝန်ယူရသူတွေပါ။ နှ မြောပေမယ့်လည်း သူမရဲ့အနုပညာအရည်အသွေးတွေကို ချပြဖို့ အဆင်သင့်ဖြစ်နေခဲ့ပါတယ်။
သူမရဲ့ခံစားချက်ကိုတော့ ” (၂၀၁၉) December တုန်းက ကားရိုက်အတွက်ဆံပင်အတိုလေး ညှပ်လိုက်သေးတယ်ပေါ့။ အခု အဲ့ကားလေးမှာ တစ်ခန်းကျန်တာ ပြန်ရိုက်ရမယ်ဆိုတော့ ပြန်ညှပ်ရတော့မှာပေါ့နော်။ (၁) နှစ်ကျော်အတွင်းရှည်လာတဲ့ ဆံပင်ကြီးကို နှမြောလိုက်တာ။ ကိုဗစ်ကိုမုန်းတယ်။ တစ်ထွာကျော်ကျော် ပြန်ညှပ်ရမှာဗျ။ ” ဆိုပြီး ရင်ဖွင့်လာခဲ့ပါတယ်။
Credit – Cele Zone
Photo – Aye Thaung