ပရိသတ်ကြီးရေ ပရဟိတမင်းသမီးလေး ခိုင်နှင်းဝေဟာဆိုရင် အနုပညာလောကမှာအောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ပြီးသားမင်းသမီးတစ်လက်ဖြစ်ပါတယ်နော်။ ပရဟိတလုပ်ငန်းတွေလည်း အားတက်သရောကူညီလုပ်ကိုင်ပြီး အလှူအတန်းမှာလည်း လက်မနှေးပဲအခက်အခဲဖြစ်သူတွေကို လိုက်လံကူညီနေတဲ့ လေးစားစရာ မင်းသမီးတစ်လက်ဖြစ်ပါတယ်နော်။

အလှူရေစက်လက်နဲ့မကွာလှူဒါန်းနေတဲ့ ခိုင်နှင်းဝေဟာဆိုရင် ဒီနေ့မှာလည်း ကျောင်းပြောင်းရွှေ့ဖို့အတွက် အခက်အခဲဖြစ်နေကြတဲ့ သီလရှင်ဆရာလေးတွေ အတွက်လည်း အလှူငွေတွေကပ်လှူကူညီကာ ကုသိုလ်ယူခဲ့ပြန်ပါတယ်။မော်လမြိုင်ဖားအောက်တောရကျောင်းမှ ဆရာလေး(၆)ပါးဟာ မကွေး ဖားအောက်တောရေ ကျာင်းကို ပြောင်းရွှေ့ကားစင်းလုံးဌားဖို့အတွက် အခက်အခဲဖြစ်နေပြီး အကူအညီလာရောက်တောင်းခံတာကြောင့် ကားဌားခနဲ့ ဝတ္တုငွေတွေ ကပ်လှူခဲ့ကြောင်းကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာတင်ပြထားတာတွေ့ရပါတယ်နော်။

ခိုင်နှင်းဝေက”မော်လမြိုင် ဖားအောက်တောရကျောင်း မှ ဆရာလေး (၆)ပါး မှာ ရန်ကုန်သို့ ရောက်ရှိနေပြီး မကွေး ဖားအောက်တောရ ကျောင်းသို့ ပြောင်းရွှေ့ရန် ကားစင်းလုံး ဌားဖို့ အခက်အခဲကို လာရောက် အကူညီတောင်းခံပါသောကြောင့် လိုအပ်နေသော ကားဌားခ နှင့် ဆရာလေး တစ်ပါးစီ အတွက် ဝတ္တုငွေ နှင့် မုန့်များကပ်လ ှုခဲ့ပါတယ်ရှင်.ကျွန်မနှင့် အတူ ကုသိုလ်ပြုဖက် နိဗ္ဗာန်ရေစက် ဆုံနိုင်မည့် အလှုရှင်များ နှင့် ခုနှစ်ရက်သားသမီးများ အားလုံး သာဓုခေါ်ဆို နိုင်ကြပါစေရှင်..🙏🙏🙏..” ဆိုပြီး အလှူပုံရိပ်တွေကို ဝေမျှထားတာကိုတွေ့ရပါတယ်နော်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source:Khine Hnin Wai’s fb
Credit ; (Pay Phu Hlwar)

ပရိသတ္ႀကီးေရ ပရဟိတမင္းသမီးေလး ခိုင္ႏွင္းေဝဟာဆိုရင္ အႏုပညာေလာကမွာေအာင္ျမင္မႈေတြ ရရွိပိုင္ဆိုင္ၿပီးသားမင္းသမီးတစ္လက္ျဖစ္ပါတယ္ေနာ္။ ပရဟိတလုပ္ငန္းေတြလည္း အားတက္သေရာကူညီလုပ္ကိုင္ၿပီး အလႉအတန္းမွာလည္း လက္မေႏွးပဲအခက္အခဲျဖစ္သူေတြကို လိုက္လံကူညီေနတဲ့ ေလးစားစရာ မင္းသမီးတစ္လက္ျဖစ္ပါတယ္ေနာ္။

အလႉေရစက္လက္နဲ႔မကြာလႉဒါန္းေနတဲ့ ခိုင္ႏွင္းေဝဟာဆိုရင္ ဒီေန႔မွာလည္း ေက်ာင္းေျပာင္းေရႊ႕ဖို႔အတြက္ အခက္အခဲျဖစ္ေနၾကတဲ့ သီလရွင္ဆရာေလးေတြ အတြက္လည္း အလႉေငြေတြကပ္လႉကူညီကာ ကုသိုလ္ယူခဲ့ျပန္ပါတယ္။ေမာ္လၿမိဳင္ဖားေအာက္ေတာရေက်ာင္းမွ ဆရာေလး(၆)ပါးဟာ မေကြး ဖားေအာက္ေတာေရ က်ာင္းကို ေျပာင္းေရႊ႕ကားစင္းလုံးဌားဖို႔အတြက္ အခက္အခဲျဖစ္ေနၿပီး အကူအညီလာေရာက္ေတာင္းခံတာေၾကာင့္ ကားဌားခနဲ႔ ဝတၱဳေငြေတြ ကပ္လႉခဲ့ေၾကာင္းကို သူမရဲ့လူမႈကြန္ယက္စာမ်က္ႏွာမွာတင္ျပထားတာေတြ႕ရပါတယ္ေနာ္။

ခိုင္ႏွင္းေဝက”ေမာ္လၿမိဳင္ ဖားေအာက္ေတာရေက်ာင္း မွ ဆရာေလး (၆)ပါး မွာ ရန္ကုန္သို႔ ေရာက္ရွိေနၿပီး မေကြး ဖားေအာက္ေတာရ ေက်ာင္းသို႔ ေျပာင္းေရႊ႕ရန္ ကားစင္းလုံး ဌားဖို႔ အခက္အခဲကို လာေရာက္ အကူညီေတာင္းခံပါေသာေၾကာင့္ လိုအပ္ေနေသာ ကားဌားခ ႏွင့္ ဆရာေလး တစ္ပါးစီ အတြက္ ဝတၱဳေငြ ႏွင့္ မုန႔္မ်ားကပ္လ ႈခဲ့ပါတယ္ရွင္.ကၽြန္မႏွင့္ အတူ ကုသိုလ္ျပဳဖက္ နိဗၺာန္ေရစက္ ဆုံနိုင္မည့္ အလႈရွင္မ်ား ႏွင့္ ခုႏွစ္ရက္သားသမီးမ်ား အားလုံး သာဓုေခၚဆို နိုင္ၾကပါေစရွင္..🙏🙏🙏..” ဆိုၿပီး အလႉပုံရိပ္ေတြကို ေဝမၽွထားတာကိုေတြ႕ရပါတယ္ေနာ္။ဖတ္ရႈေပးတဲ့ပရိသတ္ႀကီးကို အထူးပဲေက်းဇူးတင္ရွိပါတယ္။

Source:Khine Hnin Wai’s fb
Credit ; (Pay Phu Hlwar)