


Credit – Cele Zone
Photo – May Thu

ဘိုးဘိုးဘွားဘွား ဖေဖေမေမေတို့ရဲ့အသည်းကျော်လေး Liam ဟာ တဖြည်းဖြည်း အရွယ်ရောက်လာတာနဲ့ ပိုပိုပြီးချစ်ဖို့ကောင်းလာခဲ့ ပါတယ်။ မေမေယွန်းဝတီကလည်း သားလေးနဲ့ မကြာခင်အတူပြန်ဆုံရတော့မှာမို့ ပျော်မဆုံးဖြစ်နေခဲ့ပါတယ်။ သားလေးနဲ့ခွဲပြီး နိုင်ငံရပ်ခြားမှာကျောင်းတက်နေရတာမို့ ဖေဖေရောမေမေရောက ကလေးကို အရမ်းလွမ်းနေခဲ့တာပါ။

ကျောင်းခဏနားတဲ့အချိန်လောက်ပဲ သားလေးနဲ့အတူခရီးတွေထွက်ပြီး အချိန်တွေအတူတူ ကုန်ဆုံးကြရပေမယ့် ဒီတစ်ခေါက်မှာ တော့ ကျောင်းပြီးလို့ပြန်လာရတော့မှာဖြစ်လို့ သားလေးနဲ့ အရင်ကထက်အချိန်တွေပိုပြီး အတူတူရှိနိုင်တော့မှာပါ။ ဘိုးဘိုးဘွားဘွား တို့နဲ့ပဲ အတူတူပိုရှိနေတဲ့ Liam လေးဟာ မေမေ့ရဲ့ Video တွေကို အမြဲကြည့်ပြီး မေမေလုပ်သမျှတွေ လိုက်လုပ်တတ်ပါသေးတယ်။

ဒီနေ့မှာလည်း ဘွားဘွားမေသူက ကားစီးရင်းအပြင်ကိုငေးနေတဲ့ ချစ်မြေးလေးကို ပြုံးပြပါဦးလို့ပြောလိုက်တဲ့အချိန်မှာ သွားလေးတွေ ပေါ်တဲ့အထိ နှစ်နှစ်ကာကာပြုံးနေတဲ့ ချစ်စရာကလေးလေးရဲ့ Video လေးကို လူမှုကွန်ရက်မှာဝေမျှခဲ့ပါတယ်။ ဘယ်လိုတွေတောင် အသည်းယားစရာကောင်းနေတယ်ဆိုတာ Video လေး ကြည့်လိုက်ပါဦးပရိသတ်ကြီးရေ။

Credit – Cele Zone
Photo – May Thu