ခ်စ္သမီးေလးယြန္းဝဒီရဲ့ လက္ေဆာင္ေလး လို႔ေျပာလို႔ရတဲ့ ေျမးေလး Liam ကို တစ္အိမ္လုံးက သည္းသည္းလႈပ္ခ်စ္ၾကပါတယ္။ မပီကလာေျပာတတ္တဲ့အရြယ္ေရာက္လာၿပီျဖစ္တဲ့ Liam ေလးဟာ ဘြားဘြားေမသူ စိတ္ပူၿပီးအျမဲေျပာေနက်စကားေလးေတြကို သူမွတ္မိသေ လာက္ ျပန္ၿပီးေျပာျပေနတဲ့ ဗီဒီယိုေလးကို ခ်စ္စနိုးနဲ႔ ဘြားဘြားက လူမႈကြန္ရက္မွာ ေဝမၽွခဲ့ပါတယ္။

ဒီေျမးေလးေၾကာင့္ပဲ ဖိုးဖိုးဘြားဘြားတို႔ရဲ့ေန႔ရက္ေတြဟာ ေပ်ာ္စရာအတိျဖစ္ေနခဲ့တာပါ။ ေဖေဖ ေမေမတို႔ကလည္း Liam ေလးကို အေဝးကေနခ်စ္ၿပီး အခ်ိန္ရတိုင္း ျမန္မာျပည္ကိုျပန္လာကာ ကေလးနဲ႔အတူ ေပ်ာ္ေပ်ာ္ပါးပါး ခရီးေတြထြက္တတ္ၾကပါတယ္။ Liam ေလးကေတာ့ မိသားစုရဲ့ အခ်စ္ေတြအျပင္ ပရိသတ္ေတြရဲ့ အခ်စ္ေတြကိုပါ အပိုင္သိမ္းထားနိုင္သူေလးပါ။

ခုံေပၚကဆင္းေတာ့မယ့္အခ်ိန္မွာ ဘြားဘြားက သတိထားဖို႔ေျပာတဲ့စကားေတြကို တိတိက်က် ျပန္ေျပာေနတဲ့ ဗီဒီယိုေလးကို ” ထိုင္ေစာင့္ေန၊ ေျပးနဲ႔ေနာ္၊ ျပဳတ္က်မယ္၊ ေသခ်ာကိုင္မထားဘူး၊ ေျပးနဲ႔ေနာ္ ” ဆိုၿပီး တင္ထားခဲ့တာပါ။ သိပ္ခ်စ္ဖို႔ေကာင္းတဲ့ ကေလးေလးရဲ့ မပီကလာ စကားေလးေတြဟာ နားဝင္ပီယျဖစ္ လြန္းပါတယ္။

Credit – Cele Zone
Photo – May Thu

ချစ်သမီးလေးယွန်းဝဒီရဲ့ လက်ဆောင်လေး လို့ပြောလို့ရတဲ့ မြေးလေး Liam ကို တစ်အိမ်လုံးက သည်းသည်းလှုပ်ချစ်ကြပါတယ်။ မပီကလာပြောတတ်တဲ့အရွယ်ရောက်လာပြီဖြစ်တဲ့ Liam လေးဟာ ဘွားဘွားမေသူ စိတ်ပူပြီးအမြဲပြောနေကျစကားလေးတွေကို သူမှတ်မိသေ လာက် ပြန်ပြီးပြောပြနေတဲ့ ဗီဒီယိုလေးကို ချစ်စနိုးနဲ့ ဘွားဘွားက လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။

ဒီမြေးလေးကြောင့်ပဲ ဖိုးဖိုးဘွားဘွားတို့ရဲ့နေ့ရက်တွေဟာ ပျော်စရာအတိဖြစ်နေခဲ့တာပါ။ ဖေဖေ မေမေတို့ကလည်း Liam လေးကို အဝေးကနေချစ်ပြီး အချိန်ရတိုင်း မြန်မာပြည်ကိုပြန်လာကာ ကလေးနဲ့အတူ ပျော်ပျော်ပါးပါး ခရီးတွေထွက်တတ်ကြပါတယ်။ Liam လေးကတော့ မိသားစုရဲ့ အချစ်တွေအပြင် ပရိသတ်တွေရဲ့ အချစ်တွေကိုပါ အပိုင်သိမ်းထားနိုင်သူလေးပါ။

ခုံပေါ်ကဆင်းတော့မယ့်အချိန်မှာ ဘွားဘွားက သတိထားဖို့ပြောတဲ့စကားတွေကို တိတိကျကျ ပြန်ပြောနေတဲ့ ဗီဒီယိုလေးကို ” ထိုင်စောင့်နေ၊ ပြေးနဲ့နော်၊ ပြုတ်ကျမယ်၊ သေချာကိုင်မထားဘူး၊ ပြေးနဲ့နော် ” ဆိုပြီး တင်ထားခဲ့တာပါ။ သိပ်ချစ်ဖို့ကောင်းတဲ့ ကလေးလေးရဲ့ မပီကလာ စကားလေးတွေဟာ နားဝင်ပီယဖြစ် လွန်းပါတယ်။

Credit – Cele Zone
Photo – May Thu