


Credit ; Swelsone News

ပရိသတ်ကြီးရေ.. သရုပ်ဆောင် မင်းသမီးချောမေထွဋ်ခေါင်ကတော့ ချစ်ခင်ပွန်းအပြင် သားသားမီးမီးလေးတွေနဲ့အတူ မြင်သူပရိသတ်တွေတော်တော်များများ အားကျရတဲ့ကြည်နူးစရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်နော်..။ သမီးလေးတစ်ယောက် သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး တတိယကိုယ်ဝန်လွယ်ထားတဲ့ မေထွဋ်ခေါင်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စိတ်မကောင်းစရာအဖြစ်အပျက်လေးတစ်ခုနဲ့အတူ ဗိုက်ထဲက တတိယမြောက်ရင်သွေးလေးကို ဆုံးရှုံး လိုက်ရပါတယ်နော်.. ။

မေထွဋ်ခေါင်ကတော့ ကိုယ်ဝန်လမစေ့ခင်မှာပဲ ရေမွှာပေါက်ကာ ဆုံးပါးသွားတဲ့ တတိယမြောက်သားလေး အတွက်ဝမ်းနည်းကာ မိခင်စိတ်နဲ့ နေ့စဉ်နဲ့အမျှယူကြုံးမရ ငိုကြွေးနေပြီး ခင်ပွန်းဖြစ်သူကလည်း သားလေးအတွက်ခံစားနေရတဲ့အပြင် ဇနီးဖြစ်သူကိုပါကြည့်ပြီး စိတ်ထိခိုက်ခံစားနေရပါတယ်နော်..။ ဘယ်လိုမှ မတတ်နိုင်တော့ဘဲဆုံးပါးသွားတဲ့ သားလေးအတွက် ဝမ်းနည်းစွာငိုနေတဲ့ ချစ်ဇနီးလေးကို အမျိုးမျိုးနှစ်သိမ့်ပေးနေပြီး စိတ်မကောင်းစရာ ဗီဒီယိုဖိုင်လေးကိုလည်း ဝေမျှကာ လတ်တလောကျန်းမာရေးအခြေအနေလေး ကိုလည်း ပြောပြလာပါတယ်နော်..။

“ကလေးလေးတော့ ထွက်လာပါပြီ အခုလောလောဆယ်တော့ သတိရတာနဲ့ငိုတာ ကလွဲပြီး အကုန်ကောင်းပါတယ်။ သတင်းမေးကြတဲ့ သူအပေါင်းကျေးဇူးပါ.. 🙏🙏🙏..”ဆိုပြီး စိတ်မကောင်းစွာ ပြောပြရင်း ဗီဒီယိုဖိုင်လေးကို ဝေမျှထားတာပါ..။ ဆုံးပါးကွယ်လွန်သွားတဲ့ သားသားလေးအတွက်လည်း ပရိသတ်တွေက စိတ်မကောင်းစွာ ဆုတောင်း စကားလေးတွေပြောထားကြသလို ရင်သွေးလေးကိုဆုံးရှုံးလိုက်ရတဲ့ မေထွဋ်ခေါင်တို့ ဇနီးမောင်နှံကိုလည်း အားပေးစကားလေးတွေပြော ထားကြပါတယ်နော်..။

Credit ; Swelsone News