


Source: Phyu Phyu Htwe

ပရိတ်သတ်ကြီးရေ ဖြူဖြူထွေးကတော့ ရိုးသားဖြူစင် ပွင့်လင်းတာကြောင့် အလှူအတန်းမှာလည်း ရက်ရောတာကြောင့်သူမကိုချစ်တဲ့ ပရိသတ်တွေရဲ့အချစ်ကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ ဖြူဖြူထွေးက ကျောင်းကပွဲတစ်ခုကနေ လူသိများလာပြီး ခုဆိုရင်ကြော်ငြာဘုရင်မလို့တောင် သူမကိုခေါ်ဝေါ်နေကြပြီ ဖြစ်ပါတယ်။မြန်မာ့ရုပ်ရှင်လောကမှာလည်း ခေတ်ပျက်နေတဲ့အချိန်မှာ ဖြူဖြူထွေးက ရုပ်ရှင်လောကသားတွေကို ခေါ်ယူရိုက်ကူးပေးပြီး အလှူအတန်းတွေ လှူပေးတာကြောင့်လည်း စိတ်ထားဖြူစင်တယ်လို့ ရုပ်ရှင်လောကသားအချင်းချင်းလည်းအသိအမှတ်ပြုပေးကြသူလေး ဖြစ်ပါတယ်။

ဖြူဖြူထွေးက နေ့တိုင်းမှာ သူမရဲ့လှုပ်ရှားမှုပုံလေးတွေဖြစ်စေ အိမ်မှာနေရင်းပုံလေးတွေ ဖြစ်စေ ပရိသတ်နဲ့အမြဲအဆက်မပြတ်ရှိနေသူ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့က ပြည်သူရွေးချယ်ထားတဲ့ အစိုးရကို စစ်အာဏာရှင်တွေက မတရားဖမ်းဆီးပြီး အာဏာသိမ်းလိုက်ပြီး နောက်ပိုင်းမှာတော့ အချို့အနုပညာရှင်တွေက လူမှုကွန်ယက်စာမျက်နှာမှာ ပြည်သူလူထူနဲ့အတူ ဝန်းရံခဲ့ပေမဲ့ ဖြူဖြူထွေးကတော့ တိတ်ဆိတ်နေခဲ့ပါတယ်။ ဒါ့ကြောင့် ပရိသတ်များရဲ့ ဝေဖန်မှုအချို့ကိုလည်း ခံနေရသူ ဖြစ်ပါတယ်.။

စစ်အာဏာကို ဖြုတ်ချရေးဆိုတဲ့ ပုံလေးတစ်ပုံကိုလည်း ဝတ်တရားကျေ တင်ခဲ့တယ်လို့လည်း ဝေဖန်ခံခဲ့ရပြီး ဒီနေ့လေးမှာတော့ ဖြူဖြူထွေးတစ်ယောက် ပြည်သူတွေရှေ့ကို လူလုံးထွက်ပြလာခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာ ပဲပြုတ်နဲ့ နံပြားကို လမ်းမထက်မှာ တိတ်ဆိတ်စွာ ဆန္ဒဖော်ထုတ်နေသူတွေအတွက် လာရောက်လှူဒါန်းသွားတဲ့ ဖြူထွေးကို ချစ်တဲ့ ပရိသတ်ကြီးလည်း အားပေးစကားလေး တစ်ခုခုပြောပေးသွားကြပါအုံးနော်…။

Source: Phyu Phyu Htwe
Credit : Cele World ( Elams KT)