ပရိသတ်ကြီးရေ မော်ဒယ်တို့ရဲ့ မိခင်ကြီး ဂျွန်လွင် ကတော့ နွေဦးတော်လှန်ရေး အစပိုင်းမှာ ရှေ့ဆုံးက ထွက်ပြီးဆန္ဒပြခဲ့သူပါနော်။ စကစ ရဲ့ သတိပေးခြင်းခံရပြီး နောက်ပိုင်းမှာတော့ တော်လှန်ရေးနဲ့ ပတ်သက်တာ မှန်သမျှလုံးဝကို အသံမထွက်တော့ဘဲ ရေငုံနှုတ်ပိတ်နေနေတာပါနော်။

ဖေဖော်ဝါရီလောက် ကလည်း အင်တာဗျူး တစ်ခုတွင် ဒီအခြေအနေတွေကြောင့် ပြည်သူတွေ ထမင်းငတ်မှာ စိုးတယ်ဆိုကာ ငိုကြီးချက်မနဲ့ ဖြေခဲ့ပါသေး တယ်နော်။ ဒရမ်မာတွေ ချိုးခဲ့စဉ်ကတော့ ပရိသတ်တွေက အတော်လေးကို သနားခဲ့ကြပါသေးတယ်နော်။ Facebook ပေါ်ကနေ ၃,၄ လလောက် ပျောက်သွားပြီး အခုမှာတော့ ဆေးရုံတက်နေပါတယ်ဆိုကာ ပုံတွေ တင်လာပါပြီနော်။

ဂျွန်လွင်ဟာ ဘန်ကောက် မှာ ရုတ်တရက် နှလုံး ခွဲစိပ်လိုက် ရတယ်လို့ သိပါတယ်နော်။ အခု လောလောဆယ်တော့ ပြန်လည်သက်သာ လာပြီလို့ ကြားရပါတယ်။ ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

Credit:CELELUCKY




Credit:CELELUCKY