Double Dating Program ကို စီစဉ်ရိုက်ကူးနေကြတဲ့ အဖွဲ့သားတွေဖြစ်တဲ့ သိန်းလင်းစိုးနဲ့ စည်သူဝင်းတို့နှစ်ယောက်သား ပရိသတ်တွေရယ်မောပျော်ရွှင်ရအောင် အခွီဗီဒီယိုလေး ရိုက်ကူးခဲ့ပါတယ်။ စည်သူဝင်းတဲ့ချစ်သူတွေလိုပုံစံမျိုး ကြင်ကြင်နာနာ ဖက်ထားခဲ့ပြီး ရုတ်မရက်ထင်မှတ်မထားတဲ့အချိန်မှာ သိန်းလင်းစိုးတစ်ယောက် စည်သူဝင်းရဲ့ရင်ခွင်ထဲကနေ ဖြတ်ခနဲ လှည့်ကြည့်လိုက်ချိန်ဟာ မရယ်ဘဲမနေနိုင်လောက်အောင်ပါပဲ။

ပရိသတ်တွေကိုရသမျိုးစုံပေးနိုင်အောင်ဖန်တီးတင်ဆက်ပေးနေကြသူတွေဖြစ်ပြီး ဒီတစ်ခေါက်မှာလည်း ရယ်မောပျော်ရွှင်ရအောင် လုပ်ပေးခဲ့ကြပြန်ပါပြီ။ ဖန်တီးသူတွေရော ကြည့်ရှုသူတွေရော ထပ်တူပျော်ရတဲ့ ချစ်စရာဗီဒီယိုလေးတစ်ခုပါ။ အောင်မင်းခန့်နဲ့ ယွန်းယွန်း၊ စည်သူဝင်းနဲ့သဇင်ထူးမြင့် စတဲ့အတွဲလေးတွေရဲ့ ရိုဆန်ဆန်ဗီဒီယိုလေးတွေကို ပရိသတ်တွေကလည်း အရမ်းသဘောကျနေခဲ့ပါတယ်။

အဖွဲ့သားတွေကလည်းပျော်ပျော်ရွှင်ရွှင်နဲ့ စည်းစည်းလုံးလုံးဖန်တီးကြသလို ကြည့်ရှုသူ ပရိသတ်တွေကလည်း အရမ်းကိုအားပေးတဲ့ အစီအစဉ်တစ်ခုလည်းဖြစ်ပါတယ်။ ဒီနေ့မှာလည်း စီစဉ်သူနဲ့ပါဝင်သူတို့နှစ်ယောက်အတူရိုက်ထားတဲ့ အခွီဗီဒီယိုလေးကို ” အချိန်တန် လို့ချပြလိုက်ပါပြီ ” ဆိုပြီး စည်သူဝင်းက ဝေမျှလိုက်တာမို့ ပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Credit – Cele Zone
Photo – Si Thu Win




Credit – Cele Zone
Photo – Si Thu Win