



Credit:Cele Zone
Photo – Saung Yoon San

သူမရဲ့ဘဝမှာ ပထမဆုံးအကြိမ်လှူဒါန်းတဲ့ ကုသိုလ်အလှူလေးကြောင့် ဝမ်းသာပီတိဖြစ်နေတဲ့ ဆောင်းယွန်းစံ

ဆောင်းယွန်းစံ ကတော့ သရုပ်ဆောင် မော်ဒယ် မင်းသမီးချောလေး တစ်ယောက် ဖြစ်ပြီး ဗီဒီယို ဇာတ်ကားတွေ တော်တော်များများ ရိုက်ကူးခဲ့ တာလည်း ဖြစ်ပါတယ် ။ (၂၀၁၈) ခုနှစ် အကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ် ပါဝင်ခဲ့ရာကနေ ပရိသတ်တွေပို သတိထားမိပြီး အားပေးဝန်းရံသူတွေ များပြားလာခဲ့တာပဲဖြစ်ပါတယ် ။ ဒါ့အပြင် လူတိုင်းကို ဖော်ရွေစွာ ဆက်ဆံတတ်သူလေးမို့ ပရိသတ်တွေ အချစ်ပိုနေရတာလည်းဖြစ်ပါ တယ်။

အလှူအတန်း တွေ ဆိုရင်လည်း ရှေ့ဆုံးကနေ ပါဝင် တတ်တဲ့ ဆောင်းယွန်း ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေ မှာလည်း တတ်နိုင်တဲ့ဘက်ကနေ ပြည်သူတွေအတွက် အလှူလေးတွေ မကြာခဏဆိုသလို ပြုလုပ်ပြီး အားလုံးနဲ့အတူ ရပ်တည်နေတာလည်း ပရိသတ်တွေ မြင်တွေ့ကြရမှာပါ။ အခုလည်း သူငယ်ချင်းနဲ့စုပေါင်းပြီး မီးဖွားရန် အတွက် စရိတ် လိုအပ်နေတဲ့ ကိုယ်ဝန်ဆောင် တစ်ဦးကို အလှူငွေ နှစ်သိန်း လှူဒါန်းဖြစ်ခဲ့ကြောင်း ဝေမျှလာပါ တယ်။

အလှူလေးနဲ့ ပတ်သက်ပြီး ” ဒီညလေးအတွက် အရမ်းကိုပီတိဖစ်လို့တင်ပါရစေ..လူ့လောက ထဲကို ရောက်လာ တော့မယ့် သမီးလေးအတွက် မီးဖွားစရိတ်လေးလှူဒါန်းဖစ်ခဲ့တယ်..ဆောင်းနဲ့ May Chit Thway. တယောက်တသိန်းစုပိးလှူလိုက်တာပါ..အများကြီးမဟုတ်ပေမယ့် နိုင်သလောက်အလှူလေးပါ.. ဘဝမှာမီးဖွား စရိတ်လှုဘူးတာ ဒါပထမဆုံးအကြိမ်မို့ အရမ်းပျော်တယ်.. သမီးလေးကိုလဲ အရမ်းတွေ့ချင်နေပါပိ.. ဆောင်းသမီးပေါ့နော် ဆောင်းသမီးလေးအတွက် ကျန်းမာဆုတောင်း စကားလေးတွေပြောပေးဦးနော်” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည် ဖော်ပြပေးလိုက်ပါ တယ်။

Credit:Cele Zone
Photo – Saung Yoon San