ခက်ခဲတဲ့နေ့ရက်တွေကို တရားဓမ္မနဲ့ရင်ဆို င်ခဲ့ပြီးနောက်မှာတော့ ဘယ်လိုအ ခက်အခဲမဆို တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းနိုင်သွားခဲ့ပြီ ဖြစ်တဲ့ ချမ်းမီမီကိုတစ်ယောက် သူမခံယူခဲ့တဲ့ ဆရာတော်ကြီးရဲ့ ဆုံးမစကားတွေကို ပရိသတ်ကြီး အကျိုးရှိအောင် ပြန်လည်ဝေမျှခဲ့ပါ တယ်။ လူတိုင်းမှာ ခက်ခဲတဲ့အကြောင်းတရာ းတွေကြုံလာဦးမှာမို့ ကြုံလာတဲ့အချိန်မှာလည်း တည်တည်ငြိမ်ငြိမ်ရင်ဆိုင်နိုင်ဖို့လိုပါ တယ်။

အေးချမ်းတဲ့ဗုဒ္ဓရဲ့အဆုံးအမတွေကို ရင်ထဲမှာမှတ်သားပြီး အရာရာကိုရင်ဆို င်မယ်ဆိုရင် တုန်လှုပ်စရာမလိုဘဲ အေးအေးချမ်းချမ်းနဲ့ အခက်အခဲတွေကို ဖြတ်ကျော်သွားနိုင်မှာပါ။ ဒီအကြောင်းလေးကို ချမ်းက ” ဘဝမှာ တစ်ခါတစ်ခါ အရမ်းခံစားရခက်တဲ့ စိတ်ဒဏ်ရာတွေ အများကြီးရှိပါတယ် တစ်ခါတစ်ခါ ကိုယ်တန်ဖိုးထားတဲ့ ချစ်ခြင်းတွေ ဆုံးရှုံးတဲ့အခါ မင်းမှတ်ထားပါ ”

” ဆရာတော်မှာကြားထားတဲ့အတိုင်း သူဟာသူ ကိုယ်မဖြစ်စေနဲ့တဲ့ သူအကုသိုလ် သူသွားလိမ့် မယ် ကိုယ်လည်းမခံစားရတော့ဘူးပေါ့ သမင်ဟာ မိမိအစာဖြစ်တဲ့မြက်ကိုသာမြင်တယ် ပတ္တမြား တွေ့ရင်တောင်တန်ဖိုးထားရ ကောင်းမှန်းနားမလည်တတ်ဘူး ခြေဖြင့်နင်းပြီး မြက်ကိုသာ ရှာဖွေစားနေအုံးမှာပဲလေ အဲ့လိုတရားဓမ္မတွေရှိလျက်နဲ့ သမင်လို တန်ဖိုးထားရကောင်းမှန်း မသိလို့မဖြစ်ဘူး လူတိုင်းလူတိုင်းအရှုပ်ထဲမှာ ရှင်းအောင်နေတတ်ဖို့ မိမိစိတ်သာပ ဓာဏဖြစ်တယ် ဆိုတာ လုံးဝ100% ပါ စိတ်ဖြေသာ‌ပျော်ရွှင်နိုင်ကြပါ စေ ” ဆိုပြီး တန်ဖိုးရှိတဲ့စကားတွေနဲ့ ပြောပြလာခဲ့ပါတယ်။

Happy – Cele Zone
Photo – Chan Mi Mi Ko




Happy – Cele Zone
Photo – Chan Mi Mi Ko