ခ်စ္သက္လို႔ ပရိသတ္ေတြခ်စ္စႏိုးေခၚရတဲ့ သ႐ုပ္ေဆာင္ သက္မြန္ျမင့္ကေတာ့ အကယ္ဒမီရ အႏုပညာရွင္တစ္ေယာက္ျဖစ္ၿပီး သာယာေပ်ာ္႐ႊင္တဲ့မိသားစုဘဝေလးကို ပိုင္ဆိုင္ထားတဲ့ သူပါ ။ လတ္တေလာမွာေတာ့ ခ်စ္သက္က သူမကေလးေတြရဲ႕ ခ်စ္စဖြယ္အမူအက်င့္ေလး အခ်ိဳ႕ကို ပရိသတ္ေတြကို ေဝမွ်ေပးလာခဲ့ပါတယ္ ။

တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုး ဆိုသလို သူမ ၉ ရက္ တရားစခန္း( အိမ္ကေန zoomနဲ႔) ဝင္ေတာ့ ကေလးေတြကပါ လိုက္ထိုင္တဲ့အေၾကာင္းကို ပရိသတ္ေတြကို ေျပာျပလာခဲ့တာျဖစ္ပါတယ္ ။ သက္မြန္ကိုယ္တိုင္လည္း ေမေမက ဘုရားတရား အရမ္းလုပ္ေတာ့ ကိုယ္ပါ စိတ္ႏွစ္ၿပီး လုပ္ျဖစ္တယ္.. ကေလးဘဝထဲက ေမေမ ပုတီးစိပ္ရင္ စိတ္ဝင္တစား ၾကည့္ၿပီး ေမေမသင္ေပးတာ လိုက္လုပ္တာ.. အႏုပညာ အလုပ္စ လုပ္ေတာ့လည္း ဘုရားမွ တပါး အားကိုးရာ မရွိခဲ့ေတာ့ ပိုလုပ္ျဖစ္တယ္ လို႔ ဘာသာေရး လိုက္စားတဲ့ သူမရဲ႕ အေၾကာင္းကိုလည္း ပရိသတ္ေတြကို ေျပာျပခဲ့ပါေသးတယ္ ။

ခု အလုပ္မလုပ္ရေတာ့ အိမ္မွာ ေနရတဲ့ခ်ိန္ ဆရာ ေဒါက္တာ ေကသာဦးရဲ႕ သဲအင္းဂူ “ေသနည္းသင္” ကိုစိတ္ဝင္စားလို႔အိမ္ကေန တရားစခန္းဝင္ျဖစ္ေနတယ္လို႔လည္းသိရပါတယ္ ။ ေသမလိုျဖစ္တုန္းက စိတ္ေတြေယာက္ယက္ခတ္ခဲ့တဲ့အတြက္ ေဝဒနာနဲ႔ စိတ္ကို ဘယ္မွာ အာ႐ုံျပဳရမလဲဆိုတာ သိခ်င္ေနခဲ့တာ.. ခုေတာ့ သိခြင့္ရခဲ့ၿပီျဖစ္ၿပီး ဆက္ၿပီး က်င့္ႀကံသြားဖို႔ပဲ လိုေတာ့တာမို႔ က်င့္သားမရရင္ ေယာက္ယက္က ခတ္ဦးမွာပဲလို႔ သူမရဲ႕ဘာသာေရးအျမင္ေလးကို ပရိသတ္ေတြကို မွ်ေဝေပးခဲ့ပါေသးတယ္ ။သာယာေသာေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္နုိင္ၾကပါေစ လို႔ဆုမြန္းေကာင္းေတာင္းေပးလိုက္ပါတယ္။

Source : Thet Mon Myint
Credit : (Cele Gabar)

ချစ်သက်လို့ ပရိသတ်တွေချစ်စနိုးခေါ်ရတဲ့ သရုပ်ဆောင် သက်မွန်မြင့်ကတော့ အကယ်ဒမီရ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ သူပါ ။ လတ်တလောမှာတော့ ချစ်သက်က သူမကလေးတွေရဲ့ ချစ်စဖွယ်အမူအကျင့်လေး အချို့ကို ပရိသတ်တွေကို ဝေမျှပေးလာခဲ့ပါတယ် ။

တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုး ဆိုသလို သူမ ၉ ရက် တရားစခန်း( အိမ်ကနေ zoomနဲ့) ဝင်တော့ ကလေးတွေကပါ လိုက်ထိုင်တဲ့အကြောင်းကို ပရိသတ်တွေကို ပြောပြလာခဲ့တာဖြစ်ပါတယ် ။ သက်မွန်ကိုယ်တိုင်လည်း မေမေက ဘုရားတရား အရမ်းလုပ်တော့ ကိုယ်ပါ စိတ်နှစ်ပြီး လုပ်ဖြစ်တယ်.. ကလေးဘဝထဲက မေမေ ပုတီးစိပ်ရင် စိတ်ဝင်တစား ကြည့်ပြီး မေမေသင်ပေးတာ လိုက်လုပ်တာ.. အနုပညာ အလုပ်စ လုပ်တော့လည်း ဘုရားမှ တပါး အားကိုးရာ မရှိခဲ့တော့ ပိုလုပ်ဖြစ်တယ် လို့ ဘာသာရေး လိုက်စားတဲ့ သူမရဲ့ အကြောင်းကိုလည်း ပရိသတ်တွေကို ပြောပြခဲ့ပါသေးတယ် ။

ခု အလုပ်မလုပ်ရတော့ အိမ်မှာ နေရတဲ့ချိန် ဆရာ ဒေါက်တာ ကေသာဦးရဲ့ သဲအင်းဂူ “သေနည်းသင်” ကိုစိတ်ဝင်စားလို့အိမ်ကနေ တရားစခန်းဝင်ဖြစ်နေတယ်လို့လည်းသိရပါတယ် ။ သေမလိုဖြစ်တုန်းက စိတ်တွေယောက်ယက်ခတ်ခဲ့တဲ့အတွက် ဝေဒနာနဲ့ စိတ်ကို ဘယ်မှာ အာရုံပြုရမလဲဆိုတာ သိချင်နေခဲ့တာ.. ခုတော့ သိခွင့်ရခဲ့ပြီဖြစ်ပြီး ဆက်ပြီး ကျင့်ကြံသွားဖို့ပဲ လိုတော့တာမို့ ကျင့်သားမရရင် ယောက်ယက်က ခတ်ဦးမှာပဲလို့ သူမရဲ့ဘာသာရေးအမြင်လေးကို ပရိသတ်တွေကို မျှဝေပေးခဲ့ပါသေးတယ် ။သာယာသောနေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ဆုမွန်းကောင်းတောင်းပေးလိုက်ပါတယ်။

Source : Thet Mon Myint
Credit : (Cele Gabar)