


Credit -CeleKhitThit

ပရိသတ်ကြီးရေ ခင်ဇာခြည်ကျော်ကတော့ ပရိသတ်တွေ ဆယ်စုနှစ်တစ်ခုအကြာကေ နအားပေးလာကြတဲ့ မင်သမီးကြီးတစ်လက်ပဲ ဖြစ်ပါတယ်။ယခုလက်ရှိအချိန်မှာလည်း အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်ကာ ပရိသတ်တွေအချစ်ပိုနေဆဲ ဝါရင့်မင်းသမီးကြီးပါပဲနော်။

ပရိသတ်တွေသည်းသည်လှုပ်ချစ်ခင်အားပေးတဲ့ သားနဲ့ သမီးကိုလည်း ပိုင်ဆိုင်ထားပြီး Single Mother အဖြစ်နဲ့ ရပ်တည်ကာ သားနဲ့ သမီးကို ပြုစုစောင့်ရှောက်နေတဲ့သူဆိုလည်း မမှားပါဘူး။ သားသမီးတွေအပေါ်မှာ အမေတစ်ယောက်လိုအပြင် သူငယ်ချင်းတွေလို ဆက်ဆံရေးမျိုးရှိတဲ့ ခင်ဇာခြည်ကျော်ကတော့ သားတွေသမီးတွေနဲ့အတူ TikTok လေးတွေရိုက်ကူးကစားကာ ပရိသတ်တွေကိုပြန်လည်မျှဝေပေးလေ့ရှိပါတယ်နော်။

လက်ရှိမှာလည်း Covidကာလမှာ အွန်လိုင်းကနေ မာလာရှမ်းကောရောင်းနေတာဖြစ်ပြီး အခြားskincareတွေ လည်းရောင်းချနေတာပါ။ ဒီနေ့မှာတော့ ”ဇာ​လေး မှာချမ်းသာတာ ဆိုလို့ ဒီကလေး ၂ ယောက်ပဲရှိလို့ပုံလေးတွေတင်မယ်နော်….🤗😄”ဆိုတဲ့စာလေးနဲ့ ကိုရီးယားမင်းသားတွေနဲ့အထင်မှားရလောက်အောင် မိမိုက်နေတဲ့ သားဖြစ်သူ ဘုန်းမင်းနေလရဲ့ ခပ်မိုက်မိုက်​ပုံလေးတွေကို ဂုဏ်ယူစွာတင်လာခဲ့တာပါ။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: KhinZarChiKyaw
Credit -CeleKhitThit