ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချော ပွင့်နဒီမောင်ကတော့ လတ်တလောမှာ ပရဟိတအလုပ်တွေကို သူတတ်နိုင်သလောက် လိုက်လံလုပ်ဆောင်နေခဲ့ပါတယ်။ လိုအပ်တဲ့သူတွေအတွက် အမြဲတမ်းလိုလို လှူဒါန်းမှုတွေကိုလည်း ပရိသတ်တွေ နဲ့ အတူတူ လုပ်ဆောင် နေခဲ့ပြီး ဒီနေ့မှာလည်း ဘုန်းကြီးေ ကျာင်းမှာ လုပ်အားဒါနကုသိုလ်လေးတစ်ခုကို ပြုလုပ်ခဲ့ပါသေးတယ်။

ပွင့်နဒီမောင်ကတော့ ဒီနေ့ ဇွန်လ (၁၉)ရက်နေ့မှာ ဘုန်းကြီးကျောင်းမှာ ကုဋီ(အိမ်သာ) တွေကိုကိုယ်တိုင်ကိုယ်ကျ သေချာ ဆေးကြောသန့်ရှင်းကာ မွန်မြတ်လှတဲ့ လုပ်အားဒါနကုသိုလ်လေးကို ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ပွင့်နဒီမောင်က အခုလို ကုဋီဆေးလုပ်အားဒါနကုသိုလ်ကို အရင်ကတော့ ပြုလုပ်ဖူးခဲ့ခြင်းမရှိပေမဲ့ အခုနောက်ပိုင်းမှာတော့ တစ်လ တစ်ကြိမ် အနည်းဆုံးဆေးနိုင်အောင် ဆေးပြီး ကုသိုလ်လေးပြုလုပ်နေပါ တယ်တဲ့။

ဒီတစ်ကြိမ်နဲ့ဆိုရင်လည်း ကုဋီဆေးလုပ်အားဒါနကုသိုလ်လေးကို ပြုလုပ်ခဲ့တာဆိုရင် (၃)ကြိမ်တိုင်တိုင်ရှိသွားပြီလို့လည်း ဝမ်းသာပီတိဖြစ်စွာနဲ့ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ ပရိသတ်ကြီရေ ပွင့်နဒီမောင်ရဲ့ မွန်မြတ်လှတဲ့ လုပ်အားဒါနကုသိုလ်လေးကို သာဓုခေါ်ဆိုနိုင်စေဖို့ ပြန်လည်မျှဝေဖော်ပြပေး လိုက်ပါ တယ်နော်။

Credit ; CeleZone

Source – Pwint Nadi Maung

ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ့ အခ်စ္ေတာ္ သ႐ုပ္ေဆာင္မင္းသမီးေခ်ာ ပြင့္နဒီေမာင္ကေတာ့ လတ္တေလာမွာ ပရဟိတအလုပ္ေတြကို သူတတ္နိုင္သေလာက္ လိုက္လံလုပ္ေဆာင္ေနခဲ့ပါတယ္။ လိုအပ္တဲ့သူေတြအတြက္ အျမဲတမ္းလိုလို လႉဒါန္းမႈေတြကိုလည္း ပရိသတ္ေတြနဲ႔ အတူတူ လုပ္ေဆာင္ ေနခဲ့ၿပီး ဒီေန႔မွ ာလည္း ဘုန္းႀကီးေ က်ာင္းမွာ လုပ္အားဒါနကုသိုလ္ေလးတစ္ခုကို ျပဳလုပ္ခဲ့ပါေသးတယ္။

ပြင့္နဒီေမာင္ကေတာ့ ဒီေန႔ ဇြန္လ (၁၉)ရက္ေန႔မွာ ဘုန္းႀကီးေက်ာင္းမွာ ကုဋီ(အိမ္သာ) ေတြကိုကိုယ္တိုင္ကိုယ္က် ေသခ်ာ ေဆးေၾကာသန႔္ရွင္းကာ မြန္ျမတ္လွတဲ့ လုပ္အားဒါနကုသိုလ္ေလးကို ျပဳလုပ္ခဲ့တာပဲျဖစ္ပါတယ္။ ပြင့္နဒီေမာင္က အခုလို ကုဋီေဆးလုပ္အားဒါနကုသိုလ္ကို အရင္ကေတာ့ ျပဳလုပ္ဖူးခဲ့ျခင္းမရွိေပမဲ့ အခုေနာက္ပိုင္းမွာေတာ့ တစ္လ တစ္ႀကိမ္ အနည္းဆုံးေဆးနိုင္ေအာင္ ေဆးၿပီး ကုသိုလ္ေလးျပဳလုပ္ေနပါ တယ္တဲ့။

ဒီတစ္ႀကိမ္နဲ႔ဆိုရင္လည္း ကုဋီေဆးလုပ္အားဒါနကုသိုလ္ေလးကို ျပဳလုပ္ခဲ့တာဆိုရင္ (၃)ႀကိမ္တိုင္တိုင္ရွိသြားၿပီလို႔လည္း ဝမ္းသာပီတိျဖစ္စြာနဲ႔ မၽွေဝေဖာ္ျပထားခဲ့ပါေသးတယ္။ ပရိသတ္ႀကီေရ ပြင့္နဒီေမာင္ရဲ့ မြန္ျမတ္လွတဲ့ လုပ္အားဒါနကုသိုလ္ေလးကို သာဓုေခၚဆိုနိုင္ေစဖို႔ ျပန္လည္မၽွေဝေဖာ္ျပေပးလိုက္ပါ တယ္ေနာ္။

Credit ; CeleZone

Source – Pwint Nadi Maung