ခိုင်နှင်းဝေကတော့ ပရဟိတ လုပ်ငန်းတွေကို ကိုယ်ကျိုးစွန့်ကာ ပြုလုပ်နေခဲ့တာကို ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါနော်။ ကလေးတွေရဲ့ အနာဂတ် အတွက်လည်း အများကြီး ကြိုးစားသလို လိုအပ်တဲ့ နေရာတွေမှာလည်း ကူညီပေးတဲ့အပြင် ပရဟိတလေးတွေလည်း လုပ်တတ်တာမို့ သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေ ပိုမိုများပြားလာခဲ့ပါ တယ်။

ဒီလိုကာလတွေမှာလည်း အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေဆီကို ကိုယ်တိုင် သွားရောက်ကာ ကူညီလှူဒါန်းမှုတွေကို တောက်လျှောက် လုပ်ပေးနေတာလည်းဖြစ်ပါတယ်။ ဒါ့ အပြင် ဒီရက်ပိုင်းတွေမှာလည်း အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ခံရတဲ့ ကလေးငယ်လေးတွေကိုလည်း ခေါ်ယူစောင့်ရှောက်ကာ မွေးစားခဲ့ပါသေး တယ် ။

ခိုင်နှင်းဝေကတော့ အားလပ်ချိန်တွေမှာလည်း ချစ်ရတဲ့ သားသမီးတွေကို အချိန်ပေးကာ အတူတူဆော့ကစားပေးရင်း ပျော်ရွှင်စွာ ဖြတ်သန့်လေ့ရှိသလို ချစ်စရာပုံလေးတွေလည်း အမြဲဝေမျှတတ်ပါ တယ်။ အခုလည်း လူကြီးတစ်ယောက်လို ဘုရားစာတွေဆိုပြီး တရိုတသေ ဘုရားရှိခိုးတတ်နေပြီဖြစ်တဲ့ သမီးလေးရွှန်းကို ကြည့်ပြီး ကြည်နူးပီတိဖြစ်နေကြောင်းပုံရိပ်လေးတွေ ဝေမျှလာပါတယ် ။ပရိသတ်ကြီးအတွက် မေမေခိုင်နှင်းဝေနဲ့ သမီးလေးရွှန်းရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါ တယ် ။

Yuan – Cele Zone
Photo – Khine Hnin Wai

ခိုင္ႏွင္းေဝကေတာ့ ပရဟိတ လုပ္ငန္းေတြကို ကိုယ္က်ိဳးစြန႔္ကာ ျပဳလုပ္ေနခဲ့တာကို ပရိသတ္ေတြ သိရွိၿပီးသားျဖစ္မွာပါေနာ္။ ကေလးေတြရဲ့ အနာဂတ္ အတြက္လည္း အမ်ားႀကီး ႀကိဳးစားသလို လိုအပ္တဲ့ ေနရာေတြမွာလည္း ကူညီေပးတဲ့အျပင္ ပရဟိတေလးေတြလည္း လုပ္တတ္တာမို႔ သူမကို ခ်စ္ခင္အားေပးတဲ့ ပရိသတ္ေတြ ပိုမိုမ်ားျပားလာခဲ့ပါ တယ္။

ဒီလိုကာလေတြမွာလည္း အခက္အခဲျဖစ္ေနတဲ့ ျပည္သူေတြဆီကို ကိုယ္တိုင္ သြားေရာက္ကာ ကူညီလႉဒါန္းမႈေတြကို ေတာက္ေလၽွာက္ လုပ္ေပးေနတာလည္းျဖစ္ပါတယ္။ ဒါ့ အျပင္ ဒီရက္ပိုင္းေတြမွာလည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စြန႔္ပစ္ခံရတဲ့ ကေလးငယ္ေလးေတြကိုလည္း ေခၚယူေစာင့္ေရွာက္ကာ ေမြးစားခဲ့ပါေသး တယ္ ။

ခိုင္ႏွင္းေဝကေတာ့ အားလပ္ခ်ိန္ေတြမွာလည္း ခ်စ္ရတဲ့ သားသမီးေတြကို အခ်ိန္ေပးကာ အတူတူေဆာ့ကစားေပးရင္း ေပ်ာ္ရႊင္စြာ ျဖတ္သန႔္ေလ့ရွိသလို ခ်စ္စရာပုံေလးေတြလည္း အျမဲေဝမၽွတတ္ပါ တယ္။ အခုလည္း လူႀကီးတစ္ေယာက္လို ဘုရားစာေတြဆိုၿပီး တရိုတေသ ဘုရားရွိခိုးတတ္ေနၿပီျဖစ္တဲ့ သမီးေလးရႊန္းကို ၾကည့္ၿပီး ၾကည္ႏူးပီတိျဖစ္ေနေၾကာင္းပုံရိပ္ေလးေတြ ေဝမၽွလာပါတယ္ ။ပရိသတ္ႀကီးအတြက္ ေမေမခိုင္ႏွင္းေဝနဲ႔ သမီးေလးရႊန္းရဲ့ ပုံရိပ္ေတြကို ေဖာ္ျပေပးလိုက္ပါ တယ္ ။

Yuan – Cele Zone
Photo – Khine Hnin Wai